ကျိုက်မရော ဇန်န ဝါရီ ၁
မွန်ပြည်နယ် ကျိုက်မရော မြို့နယ်တွင်မြို့ရွာများခေတ်မီသန့်ရှင်းသာယာလှပရေးအတွက် (၂၀၁၉- ၂၀၂၀) ဘဏ္ဍာနှစ်အတွင်း မြို့နယ်လမ်းဦးစီးဌာနမှ တာဝန်ယူဆောင်ရွက်လျက်ရှိသော ကျိုက်မရောမြို့ တိုးဂိတ်ရှေ့မှစ၍ အတ္တရံမြစ်ကမ်းနားလမ်းထိ လမ်းအရှည် ၇ မိုင် ၅ ဖာလုံမှ ၉ မိုင် ၇ဖာလုံထိ နိုင်လွန်ကတ္တရာ(AC) လမ်းအဆင့်မြှင့်တင်ခြင်းလုပ်ငန်းများဆောင်ရွက်နေမှု့ကို ယမန်နေ့ နံနက်မှစ၍ စတင် ဆောင်ရွက်လျက်ရှိရာ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးစောကျော်ဝင်းမောင်နှင့်ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်မျိုးမြင့်တို့က အဆိုပါလမ်းများအဆင့်မြှင့်တင်နေသည့် နေရာများသို့ လည့်လည် ကြည့်ရူ အားပေးပြီး မြို့တွင်လမ်းပိုင်းများ အဆင်မြှင့်တင်ရေးအတွက် လိုအပ်သည်များကို ဖြည့်စီးဆောင်ရွက်ပေးခဲ့ကြောင်း တာဝန်ခံအင်ဂျင်နီယာ ဦးကျော်ကျော်က ပြောကြားခဲ့သည်။
ကျိုက်မရော မြို့ပေါ်ရှိ နိုင်လွန်ကတ္တရာ လမ်းပိုင်းအဆင့်မြှင့်တင်ခြင်းလုပ်ငန်းများကို ကျိုက်မရောမြို့ ကမ်းနားလမ်းအထိ အဆင့်မြှင်တင်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်းသိရသည်။
ချိုမြတ်မြတ်ထွေး ( ကျိုက်မရော )