ဝန်းသို ဖေဖော်ဝါရီ ၂၉
စစ်ကိုင်းတိုင်းဒေသကြီး၊ ဝန်းသိုမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ ယနေ့ နံနက် ၉နာခွဲ အချိန်က မြို့နယ်ဘက်စုံအဆင့်မြင့်နည်းပညာသုံးစံပြကျေးရွာဖြစ်သော အာမခံကျေးရွာအုပ်စု၊ သြဂကျေးရွာရှိ တောင်သူများအား အီးအမ်ဘိုကာရှီမြေဆွေးပုံပြုလုပ်နည်းကို လက်တွေ့ သရုပ်ပြသပေးခဲ့ကြောင်းသိရသည်။
ရှေးဦးစွာ မြို့နယ်စိုက်ပျိုးရေးဦ:စီးမှုး ဦးတင့်ဆွေက ဘက်စုံအဆင့်မြင့် နည်းပညာသုံး စံပြကျေးရွာ၏ မြေနမူနာဓါတ်ခွဲခြင်းအဖြေအရ အာဟာရချို့တဲ့မှုရှိနေကြောင်း ဓါတ်မြေသြဇာနှင့် သဘာဝမြေသြဇာတွဲဖက် အသုံးပြုသင့်ကြောင်း၊ စပါးပြီး လယ်သီးထပ်အဖြစ် ပဲတစ်မျိုးမျိုးကို စိုက်ပျိုးထားသင့်ကြောင်း ပြောကြားသည်။ ထို့နောက် မြို့နယ်မြေအသုံးချရေး တာဝန်ခံမှ အီးအမ်ဘိုကာရှီမြေဆွေးပုံပြုလုပ်နည်း အဆင့်ဆင့်ကို ရှင်းလင်းပြောကြားခဲ့ပြီး တောင်သူများအား လက်တွေ့သရုပ်ပြသခဲ့သည်။
အဆိုပါမြေဆွေးပုံပြုလုပ်နည်းသရုပ်ပြပွဲသို့ မြို့နယ်စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ ဦးနေမျိုးထွန်း၊ လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနမှ မြို့နယ်ဦးစီးမှုး ဦးဝင်းထွန်းလတ်၊ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးတင်လှိုင်ဝင်း၊ မြို့နယ်မီးသတ်ဦးစီးမှုး ဦးကျော်မျိုးသူ၊ မြို့နယ်စိုက်ပျိုး ရေးဦ:စီးမှုး ဦးတင့်ဆွေနှင့်ဝန်ထမ်းများ၊ ကျေးရွာပြည်သူများ အင်အား ၄၂ ဦး တက်ရောက်ခဲ့ကြကြောင်း သိရသည်။
ကျော်မြိုင် (ပြန်/ဆက်)