မြဝတီ ဖေဖော်ဝါရီ ၂၉
ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre)တွင် မြဝတီမြို့ရှိ လူငယ်ရေးရာအဖွဲ့ဝင်များမှ လူငယ်ရေးရာ ကော်မတီ၏ ရှေ့လုပ်ငန်းစဉ်များနှင့် ပတ်သက်၍ ဆွေးနွေးပွဲကို ယနေ့ နံနက် ၉ နာရီအချိန်က ဆောင်ရွက်ခဲ့သည်။
ဆွေးနွေးပွဲတွင် လူငယ်ရေးရာအဖွဲ့ဝင် ဦးစောသန်းမင်းအောင်မှ ရှေ့ဆက်ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များဖြစ်သည့် လူငယ်ကော်မတီ အစည်းအဝေးကို လစဉ်ကျင်းပနိုင်ရေး၊ လူငယ်ရေးရာ စကားဝိုင်းများ ဆောင်ရွက်နိုင်ရေး၊ လူငယ်ရေးရာ ကော်မတီဝင်များ စွမ်းဆောင်ရည် မြှင့်တင်ရေးနှင့် အဖွဲ့ဝင်များ၏ လှုပ်ရှားဆောင်ရွက်မှု ပိုမိုအားကောင်း လာစေရေး ဆွေးနွေးခဲ့ပြီး အဖွဲ့ဝင်များမှ ဝိုင်းဝန်းအကြံပြု ဆွေးနွေးခဲ့ကြကာ အဖွဲ့ဝင်(၁၀)ဦး တက်ရောက်ခဲ့ကြသည်။
လူငယ်ရေးရာအဖွဲ့(မြဝတီ)အနေဖြင့် ၂၀၁၉ ခုနှစ်၊ အောက်တိုဘာလမှစ၍ လူငယ်ရေးရာမူဝါဒနှင့် ပတ်သက်ပြီး လူငယ်များ ကျယ်ကျယ်ပြန့်ပြန့်သိရှိစေရေး ပြခန်းများဆောင်ရွက်ခြင်း၊ လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းနှင့် လူငယ်များ ပိုမိုပါဝင်မှုအားကောင်းလာစေရေး ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ကြည်ကြည်(ပြန်/ဆက်)