ပုဏ္ဏားကျွန်းမြို့၌ ၂၀၂၂-ခုနှစ် လ.က.စနှင့် တိုးချဲ့ကာကွယ်ဆေးထိုးလုပ်ငန်း ဆွေးနွေးပွဲ ကျင်းပ

ပုဏ္ဏားကျွန်း၊ ဖေဖော်ဝါရီ ၈

ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနတွင် (၂၀၂၂ ခုနှစ်) လ.က.စနှင့် တိုးချဲ့ကာကွယ်ဆေးထိုးလုပ်ငန်း ဆွေးနွေးပွဲကို ယမန်နေ့၊ နံနက်ပိုင်းက အဆိုပါ ပြည်သူ့ကျန်းမာရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။

ဆွေးနွေးပွဲတွင် မြို့နယ်ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာ အောင်စစ်ထွန်းက ကျန်းမာရေးဝန်ထမ်းများအနေဖြင့် တိုးချဲ့ကာကွယ်ဆေးထိုးလုပ်ငန်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားပြီး၊ ဆင်ခြေထောက်ရောဂါ ကာကွယ်ဆေးတိုက်ကျွေးခြင်းလုပ်ငန်း IDA MDA(Advocacy IDA MDA)နှင့် ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။

အဆိုပါ ဆွေးနွေးပွဲသို့ ကျန်းမာရေးဝန်ထမ်းများနှင့် မြို့နယ်အဆင့် သူနာပြု ဆရာ/မများ တက်ရောက်ခဲ့ကြပြီး၊ (၂၀၂၂ ခုနှစ်)လ.က.စ တိုးချဲ့ကာကွယ်ဆေးထိုးလုပ်ငန်းနှင့် ပတ်သက်၍ သိရှိလိုသည်များကို မေးမြန်းဆွေးနွေးခဲ့ကြကြောင်း သိရသည်။

နီထွန်းအောင်(ပြန်/ဆက်)