ဆိပ်ဖြူ မတ် ၁၈
မကွေးတိုင်းဒေသကြီး၊ ဆိပ်ဖြူမြို့နယ်တွင် ကိုရိုနာဗိုင်းရပ်(စ်) (COVID-19) ကို ကာကွယ်ထိန်းချုပ်နိုင်စေရန် ကျန်မာရေးနှင့်အားကစားဝန်ကြီးဌာန၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် ဌာနဆိုင်ရာများပူပေါင်း၍ ပတ္တမြားဈေးနှင့် လူစည်ကားရာနေရာများသို့ အသိပညာပေးလုပ်ငန်းများကို ယမန်နေ့ နံနက် ၁ဝ နာရီက ပြုလုပ်သည်။
အဆိုပါ အသိပညာပေးလုပ်ငန်းကို မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်မီးသတ်တပ်ဖွဲ့မှတာဝန်ရှိသူများနှင့် ဝန်ထမ်းများကပူးပေါင်း၍ ကိုရိုနာဗိုင်းရပ်(စ်) (COVID-19)ကို ကာကွယ် ထိန်းချုပ်နိုင်စေရန် ဒေသခံပြည်သူအများ ကိုရိုနာဗိုင်းရပ်(စ်)အကြောင်းသိကောင်းစရာများနှင့် ကြိုတင်ကာကွယ်ရေးနည်းလမ်းများကို အသိပညာပေးရှင်းလင်းခြင်း၊ လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းများအပါအဝင်၊ ရပ်ကွက်/ကျေးရွာများတွင် ကိုရိုနာဗိုင်းရပ်(စ်) (COVID-19) ရောဂါဖြစ်ပွားရာဒေသနှင့် ထိစပ်နယ်မြေတို့မှ ပြန်လည်ရောက်ရှိလာသည့်သူများ၊ သံသယရှိလူနာများအား သက်ဆိုင်ရာ ရပ်ကွက်ကျေးရွာအုပ်စုများနှင့် နီးစပ်ရာကျန်းမာရေးဌာနများတွင် ကျန်းမာရေးစစ်ဆေးခံနိုင်ရေး၊ လူဦးရေထူထပ်သည့် ပွဲလမ်းသဘင်များကို သွားလာမှုမပြုကြရန် အသိပညာပေးလမ်းညွှန်စကားများကို ပြောကြားပေးခဲ့သည်။
ဆိပ်ဖြူမြို့နယ်အနေဖြင့် ကိုရိုနာ ဗိုင်းရပ်(စ်)ကို ကာကွယ်ထိန်းချုပ်နိုင်စေရန် အများပြည်သူ စည်ကာရာ ဈေးများ၊ အဝေးပြေးကားဂိတ်များ၊ တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုလျှက်ရှိသည့် စာဖြေဌာနများ၊ ရပ်ကွက်ကျေးရွာ/ အုပ်စုများတွင် ကြိုတင်ကာကွယ်ရေး (Medical Cover)အဖြစ် အရှိန်တိုးမြှင့်၍ မြို့နယ် ပြည်သူ့ကျန်းမာရေး ဦးစီးဌာန၊ ကျေးလက်ကျန်းမာရေး ဆရာ/ဆရာမများနှင့် သက်ဆိုင်ရာဌာနဆိုင်ရာများ၊ ရပ်ကွက်ကျေးရွာ အုပ်ချုပ်ရေးမှူးများ၊ လူမှုရေးအသင်းအဖွဲ့များက ပူးပေါင်းဆောင်ရွက်လျှက်ရှိပြီး ရောဂါဖြစ်ပွားရာဒေသနှင့် နိုင်ငံအသီးသီးမှ ပြန်လည် ရောက်ရှိလာသူများ ရှိပါက သက်ဆိုင်ရာ ရပ်ကွက်/ အုပ်ချုပ်ရေးမှူးများထံ သတင်းပို့၍ နီးစပ်ရာ ကျန်းမာရေးဌာနများတွင် ကျန်းမာရေး စစ်ဆေးမှုခံယူနိုင်ရေး ပွဲလမ်းသဘင် ဖျော်ဖြေပွဲများ လူစုလူဝေးနေရာများအား သွားရောက်ခြင်း မပြုရေးတို့ကို အသိပေးနှိုးဆော် ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။
စိုးလင်းနိုင်(IPRD)