မြို့သစ် ဖေဖော်ဝါရီ ၂၉
မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ် ပတ်ဝန်းကျင် သန့်ရှင်းသာယာ လှပစေရန်အတွက်၊ ဌာဆိုင်ရာဝန်ထမ်းများ စုပေါင်းသန့်ရှင်းရေးကို ယနေ့နံနက် ၆ နာရီက ဆောင်ရွက်ရာ မြို့သစ်မြို့ စီမံကိန်းရုံးရှေ့ တောင်တွင်းကြီး မြို့သစ်ကားလမ်းတစ်လျှောက်ရှိ ခြုံနွယ်များနှင့် အမှိုက်များကို ဝန်ထမ်းအင်အား (၁၅၀)ဦးခန့်ဖြင့် စုပေါင်းကောက်ယူ သိမ်းဆည်းကြပြီး စည်ပင်သာယာရေး အဖွဲ့ပိုင် အမှိုက်သိမ်းယာဉ်ဖြင့် သတ်မှတ်နေရာသို့ အရောက်ပို့ဆောင် ခဲ့ကြသည်။
အဆိုပါ အမှိုက်ကောက်အဖွဲ့ကို မြို့နယ်အုပ်ချုပ်ရေးမှူး၏ ကြီးကြပ်လမ်းညွှန်မှုဖြင့် ဆောင်ရွက် နေခြင်းဖြစ်ပြီး မြို့နယ်စည်ပင်သာယာရေး အဖွဲ့မှ ဦးဆောင်၍ ဆောင်ရွက်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
သန်းဝင်းထွန်း (ပြန်ဆက်)