ကျောက်တံခါး ဖေဖော်ဝါရီလ ၂၉
ပဲခူးခရိုင်၊ ကျောက်တံခါးမြို့နယ်တွင် အမျိုးသားအဆင့် မှုခင်းကြိုတင်ကာကွယ်ရေး မဟာဗျုဟာ စီမံချက် ဟောပြောပွဲကို အစည်းအဝေးခန်းမတွင် ယမန်နေ့ နံနက် ၁၀ နာရီအချိန်၌ ကျင်းပသည်။
ဟောပြောပွဲတွင် မြို့နယ်ရဲတပ်ဖွဲ့မှူးရဲမှူး ဇော်မင်းက အမျိုးသားအဆင့် မှုခင်းကြိုတင်ကာကွယ်ရေး မဟာဗျုဟာစီမံချက်အရ လူသတ်၊ မုဒိမ်းမှု၊ မူးယစ်ဆေးဝါး၊ လောင်းကစားမှုများ၊ သက်ငယ်မုဒိမ်းမှုနှင့် အခြားအမှုများ မဖြစ်ပွားစေရေး၊ ပြစ်မှုပြစ်ဒဏ်များ အကြောင်း ရှင်းလင်းပြောကြား၍ ကြိုတင်ကာကွယ်မှုများ၊ ဖမ်းဆီးရမိနိုင်ရေးအတွက် ပြည်သူလူထုက ပူးပေါင်းပါဝင် ကူညီဆောင်ရွက်ပေးကြရန် လိုအပ်ကြောင်းတို့ကို ရှင်းလင်းပြီး တက်ရောက်လာကြသော ဌာနဆိုင်ရာ တာဝန်ခံများ၊ ရပ်ကွက်ကျေးရွာ အုပ်ချုပ်ရေးမှူးများ၊ ရပ်မိရပ်ဖများက သိလိုသည်များ ပြန်လည် မေးမြန်းကြရာ မြို့နယ်ရဲတပ်ဖွဲ့မှူးက ပြန်လည်ရှင်းလင်း ပြောကြားသည်။
စန်းစန်း(ပြန်/ဆက်)