ရန်ကုန်ဖေဖော်ဝါရီ ၂၈
ရန်ကုန်အနောက်ပိုင်းခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (ဗဟန်း) Community Centre သို့ ယနေ့ မွန်းလွဲ ၂ နာရီက ဗဟန်းမြို့နယ် ကြက်ခြေနီအသင်းခွဲဥက္ကဋ္ဌ ဒေါ်စိုးစိုးခိုင် ဦးဆောင်သော အမှုဆောင်အဖွဲ့သည် မြန်မာနိုင်ငံကြက်ခြေနီအသင်းတံဆိပ်ပါ ဆေးသေတ္တာအိတ်အား လာရောက်လှူဒါန်းရာ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ခိုင်ဖြိုးလင်းက လက်ခံရယူပြီး ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။
အဆိုပါ ဆေးသေတ္တာအိတ်သည် ရှေးဦးသူနာပြုစုရန်အတွက် ဆေးဝါးပစ္စည်းများ၊ ကိရိယာ တန်ဆာပလာများ အစုံပါရှိပြီး အရေးပေါ် ကုသမှုများ၊ သုံးစွဲပုံ၊ သုံးစွဲနည်းများကိုလည်း လက်တွေ့ပြသခဲ့ကြောင်း သိရှိရသည်။
အောင်မြင့်(ပြန်/ဆက်)