ကိုကိုးကျွန်းမြို့နယ်တွင် တိုင်းဒေသကြီးဘတ်ဂျတ်ဖြင့် မီးသတ်တပ်ဖွဲ့စခန်းတည်ဆောက်

ကိုကိုးကျွန်း စက်တင်ဘာ ၂၉

ရန်ကုန်တိုင်းဒေသကြီး၊ ကိုကိုးကျွန်းမြို့နယ်တွင် ဌာနဆိုင်ရာရုံး(၂၁)ရုံးဖွင့်လှစ်ထားရှိပြီး အိမ်ထောင်စု (၃၆၃)စုဖြင့် စုစုပေါင်းလူဦးရေ (၁၅၃၂) ဦး ရှိပါသည်။ အဆိုပါ လူဦးရေ၏ အိမ်ထောင်စုများ မီးဘေးအန္တရာယ်ကင်းရှင်းစေရေးအတွက် မီးသတ်ဦးစီးဌာနမှလည်း တစ်ဖက် တစ်လမ်းမှ ကာကွယ်ပေးလျက်ရှိပါသည်။

ကိုကိုးကျွန်းမြို့နယ် မီးသတ်တပ်ဖွဲ့စခန်း တည်ဆောက်ခြင်းကို ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်တွင် တိုင်းဒေသကြီး ဘတ်ဂျက်မှ ၄၆၇.၇၆သန်း အကုန်အကျခံ တည်ဆောက်လျက်ရှိရာ ပြီးစီးမှု ရာခိုင်နှုန်းအားဖြင့် ၃၁.၈၁ ရာခိုင်နှုန်း ပြီးစီးနေပြီး ၂၀၂၀ခု နှစ်ဒီဇင်ဘာလတွင် အပြီးသတ် ဆောက်လုပ် သွားမည်ဖြစ်ကြောင်း ကိုကိုးကျွန်းမြို့နယ် ဦးစီးမှူး ဦးအောင်နေလင်းထံမှ သိရသည်။

ကိုကိုးကျွန်း(ပြန်/ဆက်)