ရေစကြိုမြို့မစျေး အမှတ် ၁ တွင် ကလေးအလုပ်သမားပပျောက်ရေးအသိပညာပေး အလင်းတန်း လက်ကမ်းစာစောင် ဖြန့်ဝေ

ရေစကြို စက်တင်ဘာ ၂၉

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရေစကြိုမြို့နယ်ရုံးက မကွေးတိုင်း ဒေသကြီး အစိုးရအဖွဲ့၊ မကွေးတိုင်းဒေသကြီး ကလေးအလုပ်သမား ပပျောက်ရေး ဆိုင်ရာ လုပ်ငန်း ကော်မတီက ပေးပို့သည့် ကလေးအလုပ်သမား ပပျောက်ရေး အသိပညာပေး အလင်းတန်း လက်ကမ်း စာစောင်ကို ယနေ့ နံနက် ၉ နာရီအချိန်က ရေစကြိုမြို့မစျေးအမှတ် ၁ တွင်  ဖြန့်ဝေသည်။

အဆိုပါအသိပညာပေးလက်ကမ်းစာစောင်တွင်ကလေးအလုပ်သမားပပျောက်ရေးဝိုင်းဝန်းကာကွယ်စောင့်ရှောက်ပေး၊၂၀၁၆ ခုနှစ် ဆိုင်များနှင့် အလုပ်ဌာနများဥပဒေတွင်ပါရှိသည့်ဆိုင်(သို့) ကုန်သွယ် အလုပ်ဌာန (သို့)အများပျော်ရွှင်ရေးအလုပ်ဌာန၌ အသက်(၁၄)နှစ် မပြည့်သောသူကို အလုပ် လုပ်ခွင့်မပြု၊ ကလေးအလုပ် သမားပပျောက်ရေးရည်မှန်းချက်(၃) ရပ် အစရှိသည့် အချက်များပါရှိပြီး လက်ကမ်းစာစောင်ကို အများပြည်သူသွားလာ ရာစျေးများတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရေစကြိုမြို့နယ်ရုံးက မြို့နယ်ဦးစီးမှူး ဒေါ်နွယ်နွယ်အောင်နှင့်ဝန်ထမ်းများက ဖြန့်ဝေခဲ့ကြောင်းသိရသည်။

နွယ်နွယ်အောင်( ပြန်/ဆက်)