ကမာရွတ်မြို့နယ် ရန်ကုန်ပညာရေးတက္ကသိုလ် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်အတွက် ပညာသင်စရိတ် ထောက်ပံ့ငွေပေးအပ်

ကမာရွတ် မတ် ၁

China Foundation for Poverty Alleviation နှင့် Alibaba Group တို့ပူးပေါင်း၍ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်အတွက် Yangon University of Education ရှိ ကျောင်းသားအယောက် (၂၀၀) အားကျောင်းသားတစ်ဦးလျှင် ပညာသင်စရိတ် (၅)သိန်းကျပ်စီဖြင့် စုစုပေါင်းငွေကျပ်သိန်းပေါင်း (၁,၀၀၀)ကျပ် ထောက်ပံ့လှူဒါန်း ပေးအပ်ခြင်းအခမ်းအနားကို ၂၀၂၃ခုနှစ်၊ ယမန်နေ့က ရန်ကုန်မြို့ ကမာရွတ်မြို့နယ်ရှိ Yangon University of Education တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။

Paukphaw Scholarship Project ပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်မှာ ကျောင်းသားများ၏ လူမှုစီးပွား နောက်ခံမည်သို့ပင်ရှိစေကာမူ သာတူညီမျှသော ပညာသင်အခွင့်အလမ်းများ တိုးမြင့်လာစေရန်၊ အလုပ်အကိုင်ရှာဖွေရန်နှင့် ၎င်းတို့၏အသက်မွေးဝမ်းကြောင်း ရည်မှန်းချက်များ အောင်မြင်လာစေရန်၊ လူနေမှုအဆင့်အတန်းမြှင့်တင်ရန်၊ ဖွံ့ဖြိုးဆဲနိုင်ငံများတွင် စီးပွားရေးဖွံ့ဖြိုးတိုးတက်ရန်နှင့်ပညာရေးအခွင့်အလမ်းများ တိုးတက်လာစေရန် ရည်ရွယ်၍ ပြုလုပ်ရခြင်းဖြစ်ပါသည်။

အဆိုပါ အခမ်းအနားသို့ Yangon Universityof Education မှ ဒုတိယပါမောက္ခချုပ်၊ ပါ​​မောက္ခများ၊ ဌာနမှုးများ၊ ဆရာ၊ ဆရာမများ၊ ကျောင်းသားကျောင်းသူများနှင့် CFPA Myanmar Office မှတာဝန်ရှိသူများ တက်ရောက်ခဲ့ကြပြီး Representative form China Foundation for Rural Development Myanmar Office မှ ဒေါ်ဆောင်းနှင်းပွင့်မှ Introduction Speech နှင့်​ဒုတိယပါမောက္ခချုပ် ဒေါက်တာညိုညိုလွင်မှ အဖွင့်အမှာစကားများ အသီးသီးပြောကြားခဲ့ပြီးနောက် Paukphaw ပညာသင်ဆု ရရှိသည့် ကျောင်းသား ကျောင်းသူများအား သက်ဆိုင်ရာ တာဝန်ရှိသူများမှ ထောက်ပံ့ငွေများကို အသီးသီးပေးအပ်ခဲ့ကြောင်း သိရသည်။

အလားတူ တက္ကသိုလ်အသီးသီးတို့တွင်လည်း ပညာသင်ကြား​နေ​သော ​ကျောင်းသား၊​ကျောင်းသူများ ထောက်ပံငွေများကို ပေးအပ်ပေးသွားမည်ဖြစ်ကြောင်း သက်ဆိုင်ရာ တာဝန်ရှိသူများထံမှ သိရသည်။

စိမ်းလဲ့(ပြန်/ ဆက်)