ဌာနဆိုင်ရာများ ပြည်သူ့အကျိုးပြု ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ အဆင်ပြေစွာ ဆောင်ရွက်နိုင်ရေး ညှိနှိုင်းဆွေးနွေး

ပွင့်ဖြူ  ဖေဖော်ဝါရီ ၂၈

မကွေးတိုင်းဒေသကြီး ၊ ပွင့်ဖြူမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး ဗိုလ်ဥတ္တမခန်းမတွင် ယနေ့ နံနက် ၉ နာရီခွဲက ဌာနဆိုင် ရာများအလိုက် မြို့နယ်အတွင်း ပြည်သူ့အကျိုးပြု ဒေသဖွံ့ဖြိုးရေးလုပ်ငန်း အကောင်အထည်ဖော် ဆောင်ရွက်နေမှုများနှင့် စပ်လျဉ်းပြီး လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပပြုလုပ်ခဲ့သည်။

အစည်းအဝေးတွင် ပွင့်ဖြူမြို့နယ်စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးထွန်းသိန်းအောင် က အဖွင့် အမှာစကား ပြောကြားရာတွင် ယနေ့ အစည်းအဝေးသို့ တက်ရောက်လာကြသည့် ဌာနဆိုင်ရာများ ၊ ရပ်ကွက်/ ကျေးရွာအုပ်ချုပ် ရေးမှူးများနှင့် ရပ်ကျေးစာရေးဝန်ထမ်းများအနေဖြင့် မြို့နယ်အတွင် ပြည်သူ့အကျိုးပြု ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများ အကောင် အထည်ဖော် ဆောင်ရွက်ရာတွင် တွေ့ကြုံရသည့် လုပ်ငန်းအားသာချက် ၊ အားနည်းချက်များကို ရင်းနှီးပွင့်လင်းစွာ တင်ပြ ဆွေးနွေးပေးကြရန် ရှင်းလင်းပြောကြားသည်။

ထို့နောက် တက်ရောက်လာသည့် ဌာနဆိုင်ရာများက မိမိတို့ဌာနနှင့် စပ်လျဉ်းပြီး မြို့နယ် အတွင်း ပြည်သူ့အကျိုးပြု ဒေသဖွံ့ဖြိုးရေးလုပ်ငန်း ဆောင်ရွက်နေမှုများနှင့် လုပ်ငန်းအားသာချက် ၊ အားနည်းချက်များကိုလည်းကောင်း ၊ ရပ်ကွက်/ ကျေးရွာ အုပ်ချုပ်ရေးမှူးများနှင့် ရပ်ကျေးစာရေးဝန်ထမ်းများက နယ်မြေအတွင်း ပွင့်လင်းရာသီကာလ မီးဘေးလုံခြုံရေး ဆောင်ရွက်မည့် အစီစအဉ်များ ၊ နွေသီးနှံစိုက်ပျိုးရာသီတွင် ဒေသခံတောင်သူများ စိုက်ပျိုးရေရရှိရေးကိစ္စရပ်များ ၊ မွေးမြူရေးကဏ္ဍ ဖွံ့ဖြိုးတိုး တက်ရေးနှင့် တိရစ္ဆာန်များတွင် ကူးစက်ရောဂါမဖြစ်ပွားစေရေး ကာကွယ်ဆေးကြိုတင်ထိုးနှံရေး ကိစ္စရပ်များကိုလည်းကောင်း ဝိုင်းဝန်းတင်ပြဆွေးနွေးရာ မြို့နယ်အုပ်ချုပ်ရေးမှူးက တက်ရောက်လာသူများ၏ တင်ပြဆွေးနွေး မှုများအပေါ် လိုအပ်သည်များကို ဖြည့်စွက်ရှင်းလင်းကာ နယ်မြေအတွင်း ပြည်သူများ ကိုရိုနာဗိုင်းရပ်စ်(COVID-19)ရောဂါ မဖြစ်အောင် ကြိုတင်ကာကွယ်ရန် ၊  မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အလေးထား ဆောင်ရွက်ရန် ၊ အစည်းအဝေး များ ခေါ်ယူပါက သက်ဆိုင်ရာဌာနအလိုက် တာဝန်ရှိသူများ အနေဖြင့် မပျက်မကွက် တက်ရောက်ပေးရန်နှင့် ပြည်သူ့အကျိုးပြု ဖွံ့ဖြိုးရေး လုပ်ငန်းများအား သတ်မှတ်ကာလ အတွင်း အချိန်မီပြီးစီးရေး ကြိုးပမ်းဆောင်ရွက်ကြရန် ဆွေးနွေးမှာကြားသည်။

အဆိုပါ  ညှိနှိုင်းအစည်းအဝေးသို့ ပွင့်ဖြူမြို့နယ်စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးထွန်းသိန်းအောင် နှင့် ဌာနဆိုင်ရာများ ၊ ရပ်ကွက်/ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများနှင့် ရပ်ကျေးစာရေးဝန်ထမ်းများ ၁၅၀ ဦးခန့် တက်ရောက်ခဲ့ ကြောင်း သိရသည်။  

ရဲဝင်းနိုင် ( ညောင်ဦး )