အသက်(၈၀)နှစ်မှ(၈၅)နှစ်အထိ  သက်ကြီးဘိုးဘွားများအတွက် ထောက်ပံ့ငွေများပေးအပ်

ပေါက်ခေါင်း   စက်တင်ဘာ   ၃၀

ပေါက်ခေါင်းမြို့နယ် ရပ်ကွက်၊ကျေးရွာအုပ်စုများအတွင်းရှိ အသက်(၈၀) နှစ်မှ(၈၅)နှစ်အထိ သက်ကြီး အဘိုးအဘွား များအတွက်  နိုင်ငံတော်မှချီးမြှင့်ထောက်ပံ့ခဲ့သည့်   (၃၀၀၀၀)ကျပ်ကို ယနေ့နံနက်ပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦး စီးဌာနရုံးတွင် တာဝန်ရှိသူများက မြို့နယ်အတွင်းရှိ ရပ်ကွက်၊ကျေးရွာအုပ်စု (၅၈)အုပ်စုရှိ အုပ်ချုပ်ရေးမှူးများနှင့် စာရေးများထံသို့ ထပ်ဆင့်ပေးအပ်ခဲ့ကြောင်းသိရသည်။

အဆိုပါထောက်ပံ့ငွေများ ပေးအပ်ရာတွင် မြို့နယ်အတွင်းရှိ အဘိုး အဘွား တစ်ဦးလျှင် (၃၀၀၀၀)ကျပ်နှုန်းဖြင့် သက်ကြီး ဘိုးဘွား(၈၈၃)ဦး အတွက် ထောက်ပံ့ငွေ(၂၆၄၉၀၀၀၀)ကျပ်ကို ထောက်ပံ့ပေးအပ်ခဲ့ ကြောင်းသိရသည်။

သန်းထွန်းအောင်(ပြန်/ဆက်)