မြင်းမူ စက်တင်ဘာ ၃၀
ကိုဗစ်-၁၉ စီးပွားရေးကုစားမှုအစီအစဉ်တွင်ပါဝင်သော လစဉ်ပေးအပ်လျက်ရှိသည့် လူမှု ရေးပင်စင် ထောက်ပံ့ကြေးအပြင် အသက်ကန့်သတ်ချက်ကိုလျှော့ပေါ့၍ အသက် (၈၀)နှစ် နှင့် (၈၅) နှစ်ပြည့်သူများကို ပထမဆုံးအကြိမ်ငွေကြေးထောက်ပံ့ပေးအပ်ခြင်းကို၊ စစ်ကိုင်း ခရိုင်၊ မြင်းမူမြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ရွှေပြည်သစ်ခန်းမတွင် ယနေ့ နံနက် ပိုင်းကပြုလုပ်ခဲ့ကြောင်း သိရသည်။
ထောက်ပံ့ငွေများပေးအပ်ရခြင်းနှင့်ပါတ်သက်၍ မြို့နယ်စီမံခန့်ခွဲ့မှုကော်မတီ ဥက္ကဋ္ဌ ဦးတင်အောင်လွင်က အမှာစကားပြောကြားပြီး၊ အဘိုး/အဖွားများထံ ထောက်ပံ့ပေး အပ်ရန်ငွေများကို သက်ဆိုင်ရာ ရပ်ကွက်နှင့် ကျေးရွာအုပ်ချုပ် ရေးမှုးများ ထံပေးအပ်ခဲ့ သည်။
ယခုထောက်ပံ့ငွေများရရှိမည့် အဘိုး/အဘွားများ စာရင်းတွင် သာသနာ့ဝန်ထမ်းများလည်း ပါဝင်ကြောင်းနှင့် သက်ဆိုင်ရာတာဝန်ရှိသူများက အဘိုး/အဘွား များလက်ဝယ် အရောက် ပေး အပ်သွားမည် ဖြစ်ကြောင်းသိရသည်။
မြင်းမူမြို့နယ်အတွင်းရှိ ကျေးရွာနှင့်ရပ်ကွက်အသီးသီးရှိ သတ်မှတ်ချက်နှင့် အညီ ထောက် ပံ့ ငွေများရရှိသူပေါင်း(၁၁၆၀)ဦးရှိကြောင်းနှင့်ထောက်ပံ့ငွေပေါင်းမှာငွေကျပ်(၃၄၈၀၀၀၀ ၀) ဖြစ်ကြောင်းသိရသည်။
အောင်စိုးဖေ(မြင်းမူ)