စစ်ကိုင်းတိုင်းဒေသကြီး မြောင်မြို့တွင် ခရီးသွား ပြည်သူများ၏ ကိုယ်ရေးရာဇဝင် အချက် အလက်များ စိစစ်ခြင်းနှင့်ကျန်းမာရေး စစ်ဆေးခြင်းများ ကြပ်မတ်ဆောင်ရွက်

မြောင် စက်တင်ဘာ ၃၀

စစ်ကိုင်းခရိုင်၊ မြောင်မြို့တွင် ခရီးသွားပြည်သူများ၏ ကိုရေးရာဇဝင် အချက် အလက်များ စိစစ်ခြင်းနှင့် ကျန်းမာရေး စစ်ဆေးခြင်းများကို မြို့အဝင် တွင် စက်တင်ဘာ (၁၁) ရက်နေ့၊ နံနက်က စတင်ကာ ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါ စိစစ်ရေးဂိတ်သို့ ယနေ့နံနက် (၁၁) နာရီက တိုင်းဒေသကြီးလွှတ်တော်ကိုယ် စားလှယ် ဒေါက်တာကျော်နိုင်ထွန်း၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဒေါ်အေး မြတ်မွန်နှင့် မြို့နယ် စီမံခန့်ခွန်မှုကော်မတီဥက္ကဌ ဦးတင်ထွန်းးအောင်တို့က လာရောက် ကြည့်ရှုကာ စီစစ်ရေးဂိတ်တွင် တာဝန်ထမ်းဆောင်သည့် ဝန်ထမ်းများအား ခရီးသွား ပြည် သူများ၏ ကိုယ်ရေးရာဇဝင်ကို တိကျသေချာစွာ ဆောင်ရွက်စေရေး၊ ကျန်းမာရေး စစ်ဆေး မှုများကိုလည်း အထူးဂရု​ပြုလုပ်ဆောင်စေရန်နှင့် တာဝန်ထမ်းဆောင်နေသည့် ဝန်ထမ်း အားလုံးလည်း မိမိတို့ရဲ့ကျန်းမာရေးကို အလေးထား ဆောင်ရွက် လုပ်ဆောင်ကြရန် မှာကြားခဲ့ကြောင်း သိရသည်။

ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု ကာကွယ်နိုင်ရေးအတွက် မြောင်မြို့တွင် အထူးကြပ် မတ်ကာ အရှိန်အဟုန်မြှင့် ဆောင်ရွက် လျှက်ရှိကြောင်းသိရသည်။

တင်ကိုကို(မြောင်)