လမ်းမတော်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရခြင်းမှ ကင်းဝေးစေရေးအတွက် Mask များ ဝေငှခြင်းနှင့် အသိပညာပေးခြင်းများ ဆောင်ရွက်

လမ်းမတော် စက်တင်ဘာ ၃၀


ရန်ကုန်တိုင်းဒေသကြီး၊ အနောက်ပိုင်းခရိုင်၊ လမ်းမတော်မြို့နယ်အတွင်းရှိ ပြည်သူများ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရမှုမှ ကင်းဝေးစေရေး စျေးများတွင် နှာခေါင်းစည်း (Mask) များ ဝေမျှခြင်းနှင့် မလိုအပ် ဘဲ အပြင်ထွက်သွားလာခြင်းမရှိစေရေးကို ယမန်နေ့က လမ်းမတော်မြို့နယ်အတွင်းရှိ စျေးများတွင် စျေးဝယ်လာသူ ပြည်သူများအား အသိပညာပေးခဲ့ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် အမှတ်(၁)တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဒေါ်အေးအေးမာ၊  we love Yangon-Lanmadaw အဖွဲ့တို့ ပူးပေါင်း၍ လမ်းမတော်မြို့နယ်အတွင်းရှိ စျေးများတွင် စျေးရောင်းချနေသူ စျေးသည်များအနေဖြင့် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ ညွှန်ကြားချက် များနှင့်အညီ ရောင်းချနေခြင်းရှိ/မရှိ ကွင်းဆင်းစစ်ဆေး၍ Mask များ ဝေငှပေးခဲ့ကြောင်း သိရသည်။   
ကိုဗစ်-၁၉ ရောဂါပိုးတွေ့ လူနာများ တစ်နေ့တစ်ခြား တိုးပွားလာနေသည့်အတွက် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ အမိန့်ထုတ်ပြန်ကြေညာထားသည့်အတိုင်း  Stay at Home ကာလအတွင်း အကြောင်း ကိစ္စမရှိဘဲ ရပ်ကွက်အတွင်းရှိ လမ်းများနှင့် လမ်းမကြီးများပေါ်သို့ ထွက်ခွာသွားလာခြင်း မပြုဘဲ မိမိတို့၏ နေအိမ်တွင်သာ နေထိုင်၍ ကိုဗစ်-၁၉ ရောဂါ တိုက်ဖျက်ရေးကို ပူးပေါင်းကူညီ ဆောင်ရွက်ပေးကြပါရန် အသိပညာပေးခဲ့ကြောင်း သိရသည်။
ကျော်ဆန်းမြင့်