ရန်ကုန် ဖေဖော်ဝါရီ ၂၈
နွေရာသီကျောင်းပိတ်ရက် ကျောင်းသားလူငယ်များ အားကစားတွင် စိတ်ပါဝင်စားမှုရှိစေရန် ရန်ကုန် အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၊ (၂၉)ရပ်ကွက်၊ မြို့နယ် အားကစားခန်းမနှင့် မသန်စွမ်း အားကစား ကွင်းတို့တွင် နွေရာသီ အားကစားသင်တန်းများ ဖွင့်လှစ်မည်ဖြစ်ကြောင်း မြို့နယ်အားကစားနှင့် ကာယပညာ ဦးစီးဌာနမှ သိရသည်။
အဆိုပါ အားကစားသင်တန်းများမှာ မြန်မာ့သိုင်း၊ ကရာတေး၊ စစ်တုရင်၊ ဘောလီဘော၊ စားပွဲတင်တင်းနစ်၊ Physical Fitness Dance၊ ဝူရှူး၊ ပြေးခုန်ပစ်အားကစားနည်းများ ဖွင့်လှစ်မည်ဖြစ်ပြီး သင်တန်းကာလ ၉.၃.၂၀၂၀ ရက်နေ့မှ ၁ . ၄ . ၂၀၂၀ ရက်နေ့ထိ ဖွင့်လှစ်မည်ဖြစ်ကြောင်း သိရသည်။
မြင့်ရီ(ပြန်/ဆက်)