ပြည် ဖေဖော်ဝါရီ ၂၈
ပဲခူးတိုင်းဒေသကြီး ပြည်မြို့ ပြည်တက္ကသိုလ်တွင် ယနေ့ နံနက် ၈ နာရီက စတင်ကျင်းပသည့် ဒုတိယအကြိမ်မြောက် ကျောင်းတွင်းသင်္ကြန်၌ ကျောင်းသား၊ ကျောင်းသူများဖြင့် အထူး စည်ကားလျက်ရှိကြောင်း သိရသည်။
အဆိုပါ ကျောင်းတွင်းသင်္ကြန်ကို ပြည်တက္ကသိုလ်ဝန်းထဲရှိ ဘက်စုံသုံးခန်းမဆောင်ရှေ့၌ မဏ္ဍပ်ထိုးပြုလုပ်ကြတာဖြစ်ပြီး ဖွင့်ပွဲအခမ်းအနားကိုယနေ့ နံ့နက် ၈ နာရီခွဲအချိန်ခန့်က ပါမောက္ခချုပ် နှင့် တာဝန်ရှိသူများက ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့ကြပြီး ကျောင်းသား၊ ကျောင်းသူများ ပျော်ရွှင်စွာ ပါဝင်ဆင်နွှဲလျက်ရှိကြောင်း သိရသည်။
ကျောင်းတွင်းသင်္ကြန်ကို အဆိုပါတက္ကသိုလ်မှ ကျောင်းသားလူငယ်များ၏ ဦးဆောင်မှုဖြင့် ယမန်နှစ်ကစတင်၍ ကျင်းပတာဖြစ်ကြောင်းသိရပြီး ယခုနှစ် ဒုတိယအကြိမ်မြောက် ကျောင်းတွင်းသင်္ကြန်တွင် အိုအေစစ်, Thar Thar , Floke Rose စသည့် အနုပညာရှင်အဖွဲ့များ၏ ဖျော်ဖြေမှုများအပါအဝင် အခြားဖျော်ဖြေရေး အစီအစဉ်များလည်းပါဝင်ကာ ကျောင်းသား၊ ကျောင်းသူများအချင်းချင်း ရေကစားခြင်းနှင့် ရောင်စုံပန်းဆီမှုန့်များဖြင့် ပက်ဖျန်းခြင်းတို့ဖြင့် ပြည်တက္ကသိုလ်၏ ဒုတိယအကြိမ်မြောက် ကျောင်းတွင်းသင်္ကြန်ကို ပျော်ရွှင်စွာ ဆင်နွှဲလျက် ရှိကြောင်းသိရသည်။
မင်းမင်းစိုး၊ မျိုးကျော်ကြီး (ပြန်/ဆက်)