နတ်မောက်မြို့နယ် နကျားထူးကျေးရွာတွင် အရန်မီးသတ်တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေး (မွမ်းမံ) သင်တန်းဆင်းပွဲကျင်းပ

နတ်မောက်  ဖေဖော်ဝါရီ  ၂၈

မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ် နကျားထူးကျေးရွာတွင် အရန်မီးသတ်တပ်ဖွဲ့ဝင်များ  လေ့ကျင့်ရေး (မွမ်းမံ) သင်တန်းဆင်းပွဲကို ယနေ့ နံနက် (၁၁) နာရီက နကျားထူးကျေးရွာ အုပ်ချုပ်ရေးမှူးရုံးတွင် ပြုလုပ်ခဲ့သည်။

အဆိုပါ သင်တန်းဆင်းပွဲတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဝင်းမော်က အဖွင့်အမှာစကား ပြောကြားပြီး အရန်မီးသတ်သင်တန်းတွင် ဆုရရှိသည့် တပ်ဖွဲ့ဝင်များကို မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဝင်းမော်၊ ဒုရဲမှူးစိုးဝင်းနှင့် မြို့နယ်မီးသတ်တပ်ဖွဲ့ ဦးစီးမှူး ဦးဌေးမော်တို့က သင်တန်းသား များအား ဆုများချီးမြှင့်ခဲ့ရာ မြို့နယ်အုပ်ချုပ်က သင်တန်းသား (၅၀) ဦး၏ သင်တန်းဆင်း ဂုဏ်ပြုလက်မှတ်များကို ကျေးရွာအုပ်ချုပ်ရေးမှူး ဦးဖြိုးဝေအား ပေးအပ်ခဲ့သည်။ ထို့နောက် နကျားထူးကျေးရွာ မီးဘေးလုံခြုံ​ရေး အသုံးပြုနိုင်ရန်အတွက် ကျေးရွာအုပ်ချုပ်ရေးမှူးထံသို့ မြို့နယ်ဆက်သွယ်ရေးတာဝန်ခံ ဦးအောင်ဇော်မင်းနှင့် မြို့နယ်မီးဘေးလုံခြုံရေးအဖွဲ့ ဦးဆန်းထူး တို့က မီးသတ်ရေးပုံများ ပေးအပ်လှူဒါန်းခဲ့ကြကြောင်း သိရသည်။

လှဝင်း (နတ်မောက်)