ကိုဗစ် − ၁၉ ရောဂါ ကြိုတင်ကာကွယ်နိုင်ရေးအတွက် ကျေးရွာများအရောက် ကွင်းဆင်း၍ အသိပညာပေးလိုက်လံနှိုးဆော်

လှိုင်းဘွဲ အောက်တိုဘာ ၁

ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်နိုင်ရေးအတွက် ပြည်သူများသိရှိစေရန် အသိပညာပေးနိုးဆော်ခြင်းကို ယမန်နေ့ နေ့လယ် (၁) နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၏ ဦးဆောင်မှုဖြင့် ကော့လှိုင်းကျေးရွာ၊ မရမ်းအူကုန်း ကျေးရွာနှင့် မရမ်းအူကွင်း ကျေးရွာများသို့ အသံချဲ့စက်ဖြင့် လိုက်လံအသိပေး နှိုးဆော်ခဲ့ကြောင်း သိရသည်။

ထို့သို့ လှည့်လည်အသိပေးနိုးဆော်ရာတွင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်း များ၊ မြို့နယ်မီးသတ်ဦးစီးဌာနမှ မီးသတ်တပ်ဖွဲ့ဝင်များက ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ညွန်ကြားချက်များအရ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု ထိန်းချုပ်နိုင်သည့် အချက်များအနေဖြင့် မိမိအိမ်တွင် နေထိုင်ခြင်း၊ တစ်ဦးနှင့်တစ်ဦး ထိတွေ့မှုမရှိခြင်း၊ မဖြစ်မနေ အပြင်သို့ သွားရောက် သည့်အခါတိုင်း နှာခေါင်းစည်းများ တပ်ဆင်ခြင်း၊ လူစုလူဝေးဖြစ်ပေါ်နိုင်သည့် နေရာများသို့ သွားရောက်ခြင်းမှ ရှောင်ကြည်ခြင်း စသည့် အဆိုပါလမ်းညွန်ချက်များ၊ တားမြစ်ကန့်သတ်ချက် များကို ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိစေရန် မီးသတ်ယာဉ်ဖြင့် လိုက်လံအသိပေး နှိုးဆော် ခဲ့ကြောင်း သိရသည်။

ခင်စန်းမြင့်(ပြန်/ဆက်)