မင်းဘူး(စကု)မြို့နယ်တွင် တက္ကသိုလ်ဝင်တန်းစာမေးပွဲ ကျင်းပနေစဉ် ကာလအတွင်း မီးလောင်မှု/ မီးလန့်မှု မဖြစ်စေရေး ကွင်းဆင်း စစ်ဆေး

မင်းဘူး  ဖေဖော်ဝါရီလ  ၂၈

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ်တွင် ၂၀၂၀ ပြည့်နှစ်၊ တက္ကသိုလ်ဝင်တန်း စာမေးပွဲ ကျင်းပနေစဉ် ကာလအတွင်း မီးလောင်မှု/မီးလန့်မှု မဖြစ်စေရေး ကွင်းဆင်း စစ်ဆေးဆောင်ရွက်ခြင်းကို ယမန်နေ့ မွန်းလွဲပိုင်းက မင်းဘူး(စကု)မြို့နယ် ရွာသာယာကျေးရွာ အခြေခံပညာအထက်တန်းကျောင်းတွင် ကွင်းဆင်းစစ်ဆေး ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။

မင်းဘူး(စကု)မြို့နယ် တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် စာစစ်ဌာန(၆)ခုရှိပြီး ယခုအခါ စာမေးပွဲဖြေဆိုရန် အချိန်နီးကပ်လာပြီ ဖြစ်သောကြောင့် ကျောင်းသား/သူများ စာမေးပွဲဖြေဆိုနေစဉ် ကာလအတွင်း မီးလောင်မှု/မီးလန့်မှု မဖြစ်စေရေးအတွက်  ၂၇-၂-၂၀၂၀ ရက်နေ့တွင် မင်းဘူး(စကု)မြို့နယ် ရွာသာယာကျေးရွာ အခြေခံပညာအထက်တန်းကျောင်းသို့ စစ်ဆေး ဆောင်ရွက်ခဲ့ပြီး ကျန်ရှိသော ကျေးရွာများရှိ စာစစ်ဌာနများကိုလည်း ဆက်လက် စစ်ဆေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မင်းဘူးခရိုင်မီးသတ်ဦးစီးဌာန လက်ထောက် ညွှန်ကြားရေးမှူး ဦးထွန်းထွန်း က ပြောသည်။

အဆိုပါ ကွင်းဆင်း စစ်ဆေးဆောင်ရွက်ခြင်းကို မင်းဘူးခရိုင် မီးသတ်ဦးစီးဌာန လက်ထောက် ညွှန်ကြားရေးမှူး ဦးထွန်းထွန်း၊ မြို့နယ်မီးသတ်ဦးစီးမှူး ဦးစိန်ထွန်းနှင့်  ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေး ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။

ကျော်စိုးဝင်း(မင်းဘူး)