ဒဂုံမြို့နယ် တပ်မတော်ခန်းမ၌ ထိုင်းနိုင်ငံမှ အရည်အသွေးမြင့် ကုန်ပစ္စည်းအရောင်းပြပွဲ ဖွင့်လှစ်မည်

ဒဂုံ  ဖေဖော်ဝါရီ ၂၈

ထိုင်းနိုင်ငံမှ ထုတ်လုပ်သောအရည်အသွေးမြင့် ကုန်ပစ္စည်းအရောင်းပြပွဲ Top Thai Brands 2020 Yangon ကို (DITP) Department of International Trade Promotion မှကြီးမှူး၍ ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့နယ်၊ ဦးဝိစာရလမ်းပေါ်ရှိ တပ်မတော်ခန်းမ၌ မတ်လ ၁၂ ရက်နေ့မှ မတ်လ (၁၅) ရက်နေ့ထိ နေ့စဉ်နံနက် (၉) နာရီမှ ညနေ (၆) နာရီထိ ဖွင့်လှစ် ရောင်းချပေးမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ အရောင်းပြပွဲတွင် ထိုင်းနိုင်ငံ၏ အရည်အသွေးမြင့် ကုန်ပစ္စည်းပေါင်း (၁၃၀) ကျော်တို့ကို ရောင်းချပေးမှာဖြစ်ပြီး (Lucky Draw) ကံစမ်းမဲအစီအစဉ်များနှင့် နိုင်ငံကျော် အနုပညာရှင်များ ၏ တေးသံသာများဖြင့် တင်ဆက်ဖျော်ဖြေ ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ဇာဖြူဝင်း(ပြန်/ဆက်)