သုံးခွမြို့၌ (COVID-19) ရောဂါ ကြိုတင် ကာကွယ်ရေး ကိုယ်အပူချိန်တိုင်းတာစစ်ဆေးခြင်းဆောင်ရွက်

သုံးခွ  မတ်  ၁၈

ရန်ကုန်တောင်ပိုင်းခရိုင်၊ သုံးခွမြို့နယ် ဌာနဆိုင်ရာများ လ၀က်အစည်းအဝေး ပြုလုပ်ရာ မြို့နယ်အထွေထွေအုပ်ချုပ်ရေး အစည်းအဝေးခန်းမ၌(COVID-19) ရောဂါကြိုတင်ကာကွယ်ရေး ကိုယ်အပူချိန်တိုင်းတာစစ်ဆေးခြင်း လုပ်ငန်းကို မြို့နယ် ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာ‌မှူး ဒေါက်တာဇော်၀င်းသန်းနှင့် ၀န်ထမ်းများက ယမန်နေ့ နံနက်၉နာရီခွဲအချိန်က ကျင်းပပြုလုပ်ခဲ့သည်။ 

ယင်းသို့ဆောင်ရွက်ရာတွင် လွှတ်တော်ကိုယ်စားလှယ်များ၊ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် ဌာနဆိုင်ရာများ၊ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ၊ ရပ်ကျေးစာရေးများအား (COVID-19) လတ်တလော အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါ ကြိုတင် ကာကွယ်ရေး ကိုယ်အပူချိန်တိုင်းတာပေးခြင်းများ ပြုလုပ်ခဲ့ကြောင်းသိရသည်။

စည်သူလင်း ပြန်/ဆက်