လှိုင်မြို့နယ်ရှိ ရပ်ကွက်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးများတွင် မဲဆန္ဒရှင် စာရင်းများအား ကပ်ထား ကြေညာ

လှိုင် အောက်တိုဘာ ၁

 

ရန်ကုန်အနောက်ပိုင်းခရိုင်၊ လှိုင်မြို့နယ်ရပ်ကွက်များရှိ ရပ်ကွက်ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲရုံးများတွင် ထပ်မံစိစစ်ပြုစုထားသည့် မဲဆန္ဒရှင်စာရင်းများကို အောက်တိုဘာလ(၁) ရက်နေ့မှ (၁၄) ရက်နေ့ထိ ရက်ပေါင်း(၁၄)ရက်ကြာ ဒုတိယအကြိမ်ထပ်မံ‌ကပ်ထား ကြေညာ ခြင်းများအား ဆောင်ရွက်လျက်ရှိပါသည်။

လှိုင်မြို့နယ်ရှိ ရပ်ကွက်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံးများတွင် မဲဆန္ဒရှင်ပြည်သူများ၏ တောင်းဆိုမှု၊ ပြင်ဆင်မှု၊ ဖြည့်စွက်မှုများအရထပ်မံစိစစ် ပြုစုထားသည့် မဲဆန္ဒရှင်စာရင်းများကို အောက်တိုဘာလ (၁)ရက်နေ့မှ (၁၄)ရက်နေ့ထိရပ်ကွက်ရွေး ကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးများ တွင် နောက်ဆုံးအကြိမ် (၁၄)ရက်ကြာထပ်မံကပ်ထားကြေညာမည် ဖြစ်ကြောင်း သိရှိရပါသည်။ မဲစာရင်းများ ကပ်ထားကြေညာရာတွင် ရပ်ကွက်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ ခွဲရုံးများတွင် ကပ်ထားကြေညာခြင်းနှင့် အချက်အလက်များ ပြင်ဆင်/ပယ်ဖျက်ထည့်သွင်းခြင်း၊ Online မှ တစ်ဆင့်ကြည့်ရှုခြင်း၊ အချက်အလက်များ ပြင်ဆင်ဖြည့်စွက်ခြင်းနှင့် အခြားသိလိုသည်များ ရှိပါက ရပ်ကွက်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲမှ တာဝန်ရှိသူများအား ဆက်သွယ် မေးမြန်းခြင်း နည်းလမ်း(၂) မျိုးဖြင့်စီစဉ်ဆောင်ရွက်ထားကြောင်း သတင်းရရှိသည်။

ကြည်ဇေသော်(ပြန်/ဆက်)