ရန်ကုန် အောက်တိုဘာ ၁
ရန်ကုန်အရှေ့ပိုင်းခရိုင်၊ မင်္ဂလာတောင်ညွန့်မြို့နယ် သိမ်ဖြူလက်ဝှေ့ရုံတွင် ဆောင်ရွက် ထားရှိသော Community Based Facility Quarantine Centre တွင် ကိုဗစ်-၁၉ ရောဂါ Positive တွေ့ရှိခဲ့သူများနှင့် အနီးကပ် ထိတွေ့ခဲ့သူ Primary Contact များအား ထားရှိပြီး အသွားအလာကန့်သတ်စောင့်ကြည့်မှုများကို ဆောင်ရွက်လျက်ရှိရာ အဆိုပါသူများတွင် ကိုဗစ်-၁၉ ရောဂါပိုး ရှိ / မရှိ သိနိုင်ရန် နှာခေါင်းနှင့် အာခေါင်တို့ပတ် Swab ရယူခြင်းများကို တတိယအကြိမ်အဖြစ် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဆောင်ရွက်ခဲ့သည်။
ထိုသို့စစ်ဆေးရာတွင် အသွားအလာကန့်သတ်ထားသူ Primary Contact (၅၁) ဦးထံမှ နှာခေါင်းနှင့် အာခေါင် တို့ဖတ် Swab များကို ကျန်းမာရေးဝန်ထမ်းများနှင့် မြို့နယ် Fever Clinic မှ ဆရာဝန်များမှ စနစ်တကျရယူ ပေးခဲ့ကြပြီး အမျိုးသား ကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာနသို့ ပေးပို့ ဆောင်ရွက်ခဲ့ကြောင်းသိရသည်။ ထို့အပြင် အဆိုပါ Quarantine Centre တွင် အသွားအလာ ကန့်သတ်စောင့်ကြည့်ထားရာမှ ကိုဗစ်-၁၉ ရောဂါပိုးဓာတ်ခွဲ အတည်ပြု တွေ့ရှိခဲ့သူ (၆၂) ဦးအား ယမန်နေ့မွန်းလွဲပိုင်းက ရန်ကုန်တိုင်းဒေသကြီး ကျန်းမာရေးဦးစီးဌာန၏ ကြီးကြပ်မှုဖြင့် လှိုင်မြို့နယ် Community Based Facility Quarantine Centre သို့ ဆက်လက်ပို့ဆောင်ပေးပြီး ဆေးကုသနိုင်ရန်အတွက် တာဝန်ရှိသူများက စီစဉ် ဆောင်ရွက် ပေးလျက် ရှိကြောင်း သိရသည်။
ချစ်စုဝေ (ပြန်/ဆက်)