မင်္ဂလာတောင်ညွန့်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားနေစဉ်ကာလအတွင်း ပြည်သူများ အတွက် တစ်ဖက်တစ်လမ်းမှ ကူညီပံ့ပိုးဆောင်ရွက်မည့် We Love Yangon ( Mingalar Taung  Nyunt) ပရဟိတ အဖွဲ့သို့ အလှူရှင်များမှ လာရောက်လှူဒါန်း

ရန်ကုန် အောက်တိုဘာ ၁

 

ရန်ကုန်အရှေ့ပိုင်းခရိုင်၊ မင်္ဂလာတောင်ညွန့်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ကုသ၊ တိုက်ဖျက်ရေးနှင့် မြို့နယ်အတွင်းရှိ ပြည်သူများအတွက် လိုအပ်သည့်အထောက်အပံ့များ၊ ကူညီမှုများ ပေးနိုင်စေရန် ရည်ရွယ်၍ We Love Yangon (Mingalar Taung Nyunt) ပရဟိတ အဖွဲ့ကို တည်ထောင်ထားရာ အဆိုပါပရဟိတအဖွဲ့သို့ ယမန်နေ့ နံနက်ပိုင်းက စေတနာရှင်များက ငွေကြေးနှင့် ပစ္စည်းများလာရောက်လှူဒါန်းခဲ့ကြသည်။

ထို့သို့ စေတနာရှင်များက လာရောက်လှူဒါန်းရာတွင် အလှူရှင် (၁၅) ဦးမှ ငွေကျပ် ( ၅၉၀၀၀၀) ကျပ်နှင့် စားသုံဆီဘူးများကို လာရောက်လှူဒါန်းခဲ့ကြရာ အဖွဲ့မှ တာဝန်ရှိသူများက အသီးသီး လက်ခံရယူခဲ့ကြပြီး ကျေးဇူးတင်စကားပြောကြားခဲ့ကြသည်။ အလှူရှင်များ လာရောက် လှူဒါန်းကြသည့် ငွေကြေးနှင့် ပစ္စည်းများအား ကိုဗစ်-၁၉ ရောဂါကြောင့် ပြည်သူများ ကြုံတွေ့နေရသည့် အခက်အခဲများတွင် ကူညီဆောင်ရွက်ပေးခြင်းနှင့် ရောဂါ တိုက်ဖျက်ရေး လုပ်ငန်းများတွင် ထိရောက်စွာအသုံးပြုသွားမည်ဖြစ်ပြီး အလှူရှင်များအနေဖြင့်လည်း အဖွဲ့သို့ ဆက်သွယ်၍ ပါဝင်လှူဒါန်းနိုင်ကြောင်းသိရသည်။

ချစ်စုဝေ (ပြန်/ဆက်)