ထန်းတပင်မြို့နယ်၌ အသက် ၈၀ နှစ်နှင့် (၈၅)နှစ်ကြား  ဘိုးဘွားများအား  အိမ်တိုင်ရာရောက် ထောက်ပံ့ငွေပေးအပ်

ထန်းတပင် (ပဲခူး) အောက်တိုဘာ ၁

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ထန်းတပင်မြို့နယ်၌ အသက် ၈၀ နှစ်နှင့် (၈၅)နှစ်ကြား ဘိုးဘွားများ အား ထောက်ပံ့ငွေများပေးအပ်ခြင်းကို ယနေ့ နံနက်ပိုင်းမှစတင်၍ မြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများနှင့် တာဝန်ရှိသူများက အိမ်တိုင်ရာရောက် လိုက်လံ ထောက်ပံ့ပေးအပ်လျက်ရှိကြောင်း သိရသည်။

အဆိုပါ ထောက်ပံ့ငွေပေးအပ်ရာတွင် ကိုဗစ်-၁၉ ရောဂါကာလအတွင်း သက်ကြီး ဘိုးဘွား များအား စားဝတ်နေရေးအဆင်ပြေစေရန်တွက် လူမှုဝန်ထမ်းဦးစီးဌာနမှ ထောက်ပံ့သော ဘိုးဘွား တစ်ဦးလျှင် ထောက်ပံ့ငွေကျပ် (၃၀,၀၀၀)နှုန်းဖြင့် မြို့နယ်အတွင်းရှိ အသက်(၈၀)နှစ်နှင့် (၈၅)နှစ်ကြား သက်ကြီး ဘိုးဘွား (၈၂၈) ဦးအတွက် စုစုပေါင်းထောက်ပံ့ငွေကျပ် (၂၄,၈၄၀,၀၀၀)ကို သက်ဆိုင်ရာ ရပ်ကွက်/ ကျေးရွာ အုပ်ချုပ်ရေးမှူးများနှင့် တာဝန်ရှိသူများက အိမ်တိုင်ရာရောက် လိုက်လံထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)