လှိုင်သာယာ(အရှေ့ပိုင်း) ၊ အောက်တိုဘာ ၊ ၁
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်မြောက်ပိုင်းခရိုင်၊ လှိုင်သာယာ(အရှေ့ပိုင်း) မြို့နယ်၌ ကိုဗစ်−၁၉ ရောဂါကာကွယ်ရေးအတွက် Lock down ချထားသော အိမ်ထောင်စုများ စားဝတ်နေရေး အဆင်ပြေ စေရန်အတွက် လှိုင်သာယာ မြို့နယ် SME လုပ်ငန်းရှင်များ ကိုယ်စား လှူဒါန်း ထားသော စားသောက်ကုန်များကို ယမန်နေ့ မွန်းလွဲပိုင်းက လှိုင်သာယာမြို့နယ် အမှတ်(၁) တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးဝင်းမောင်၊ လွှတ်တော်ကိုယ်စားလှယ် ရုံးအဖွဲ့ဝင် များ၊ ရပ်/ကျေးအဖွဲ့ဝင်များနှင့် ရပ်ကွက် အုပ်ချုပ်ရေးအဖွဲ့ဝင်များ ပူးပေါင်း၍ စားသောက်ကုန် များ ဖြန့်ဝေလှူဒါန်းခဲ့သည်။
ထိုသို့ စားသောက်ကုန်များ ဖြန့်ဝေလှူဒါန်းရာတွင် အမှတ်(၆)ရပ်ကွက် ကျန်နေသော အိမ် ထောင်စု (၃၄)စု၊ အမှတ်(၇)ရပ်ကွက် ထပ်တိုး အိမ်ထောင်စု(၃၆)စု၊ ညောင်ကျေးရွာနှင့် ဒိုင်စု ကျေးရွာ ထပ်တိုး အိမ်ထောင်စု(၂၈)စုတို့ကို အိမ်ထောင်စုတစ်စုလျှင် ဆန်(၆)ပြည်၊ ဆီ(၁)ဗူး၊ ကြက်ဥ (၁၀) လုံးတစ်ကဒ်နှင့် ကုလားပဲ(၁)ထုပ် တို့ကို အလှူရှင်များကိုယ်စား သွားရောက် ဖြန့်ဝေ လှူဒါန်းကာ ၎င်းကိုဗစ်−၁၉ ရောဂါကာကွယ်ရေးအတွက် Lock down ချထားသော အိမ်ထောင်စုဝင် ပြည်သူများကို အားပေးစကားများ ပြောကြားခဲ့ကြောင်း သိရှိရသည်။
ထွန်းထွန်းနိုင်(ပြန် /ဆက်)