ရေး အောက်တိုဘာ ၁
မွန်ပြည်နယ်၊ ရေးမြို့နယ်တွင် ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် မဲဆန္ဒရှင်စာရင်းများကို ဒုတိယအကြိမ် (နောက်ဆုံး အကြိမ်) အဖြစ် ယနေ့နံနက်ပိုင်းက စတင်၍ သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာ ရွေးကောက် ပွဲ ကော်မရှင် အဖွဲ့ခွဲရုံးများတွင် ထုတ်ပြန်ကြေညာထားကြောင်း သိရသည်။
ဒုတိယအကြိမ်(နောက်ဆုံးအကြိမ်) အဖြစ်ထုတ်ပြန်ထားသော မဲဆန္ဒရှင်စာရင်းများကို အောက်တိုဘာလ(၁)ရက်နေ့မှ (၁၄)ရက်နေ့အထိ ရပ်ကွက်/ကျေးရွာရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲရုံးများတွင် မဲဆန္ဒရှင်စာရင်းပုံ(၁)၊ ပုံစံ(၁-က)များ၊ လွှတ်တော်မဲ စာရင်း နှင့် စပ်လျဉ်းသော ကြော်ငြာစာပုံစံ(၂)၊ တိုင်းရင်းသားလူမျိုးမဲဆန္ဒနယ် လူမျိုး အလိုက် မဲစာရင်းနှင့် စပ်လျဉ်းသော ကြော်ငြာစာပုံစံ(၂-က) များကို ကြေညာကပ်ထားမည် ဖြစ်ပြီး မဲစာရင်း ပြင်ဆင်၊ ဖြည့်စွက်၊ ပယ်ဖျက်ခြင်းများရှိပါက သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာ အုပ်စု ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲ တွင် သွားရောက် ပြင်ဆင်နိုင်ကြောင်းသိရသည်။
မြို့နယ်(ပြန်/ဆက်)