မိုးညို မတ် ၁၈
ပဲခူးတိုင်းဒေသကြီး၊ မိုးညိုမြို့နယ်တွင် ပြေးဆွဲလျက်ရှိသော အဝေးပြေးကားများအား မြို့နယ်ကျန်းမာရေး ဦးစီးဌာနမှ မြို့နယ်ဆရာဝန်ကြီး ဒေါက်တာကျော်မိုး၏ ဦးဆောင်မှုဖြင့် ကျန်းမာရေး ဝန်ထမ်းများက ယနေ့နံနက်ပိုင်းတွင် အဝေးပြေးကားများ၌ လိုက်ပါသည့် ခရီးသည်များ သိရှိလိုက်နာနိုင်ရန်အတွက် ကိုရိုနာဗိုင်းရပ်(စ်)အဆုတ်ရောင်ရောဂါနှင့် ပတ်သက်သော သိကောင်းစရာများ ပါဝင်သည့် ဗွီဒီယိုခွေပြသရန်နှင့် စတေကာများအား ကျန်းမာရေးဝန်ထမ်းများက ကိုယ်တိုင်ကိုယ်ကျ ကားမှန်များတွင် ကပ်ပေးခဲ့ကြောင်း သိရသည်။
အဆိုပါ ဗွီဒီယိုခွေအား ကားမထွက်ခွာမီအချိန်နှင့် ခရီးစဉ်တစ်လျှောက် ကြည့်ရှုနိုင်ရန်၊ ခရီးသွား ပြည်သူတွေအနေနဲ့ ခရီးသွားတဲ့အခါမှာ ဖျားနာမှုနှင့် အသက်ရှုလမ်းကြောင်းဆိုင်ရာ ရောဂါတစ်ခုခုခံစားနေရမည်ဆိုလျှင် ခရီးအားမလိုက်ပါဖို့၊ မဖြစ်မနေ လိုက်ရမည်ဆိုပါက နှာခေါင်းစည်း (Masks) များ တပ်ဆင်၍ လိုက်ပါဖို့၊ လိုအပ်ပါက ကားမှတာဝန်ရှိသူများကို ပြောပြီး နီးစပ်ရာကျန်းမာရေးဌာနသို့ ပြသနိုင်ရေး စသည့်အသိပညာပေးဗွီဒီယိုခွေနှင့် ရောဂါ ကူးစက်နိုင်ခြေရှိသည့် နည်းလမ်းများ၊ သံသယဖြစ်ဖွယ် ရောဂါလက္ခဏာများ၊ ကာကွယ် နိုင်မည့် နည်းလမ်းများ ပါဝင်သည့် စတေကာများအား အဝေးပြေးကားများ၏ အတွင်းမှန်များ တွင် ကပ်ထားပေးခဲ့ကြောင်း သိရသည်။
ကိုမင်း(မိုးညို)