သနပ်ပင်မြို့နယ်၌ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် လုံခြုံရေးတာဝန် ထမ်းဆောင်မည့် အထူးရဲများကို  သင်တန်းပို့ချ

သနပ်ပင် အောက်တိုဘာ ၁

ပဲခူးတိုင်းဒေသကြီး၊ သနပ်ပင်မြို့နယ်တွင်၂၀၂၀ ပြည့်နှစ်  နိုဝင်ဘာ ၈ ရက်နေ့ တွင် ကျင်းပမည့် ပါတီစုံ ဒီမိုကရေစီရွေးကောက်ပွဲတွင်  လုံခြုံရေးတာဝန်ထမ်းဆောင်မည့်  အထူးရဲတပ်ဖွဲ့ဝင် များအား  သင်တန်း ပို့ချခြင်းကို   အောက်တိုဘာ ၁ ရက် နံနက် ၈နာရီက အ.ထ.က တောင်ဘက် ကမ်းကျောင်း၌ ပြုလုပ်ခဲ့သည်။

ထိုသို့သင်တန်းပို့ချရခြင်းသည်  ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေးထွေးရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေး  မြို့နယ် ရပ်ကွက်/ကျေးရွာ ကော်မရှင်အဖွဲ့ခွဲများနှင့်  သက်ဆိုင်ရာ ဌာန အသီးသီးတို့မှ ပူးပေါင်ဆောင်ရွက်ပေးလျှက်ပြီး မြို့နယ်ရဲတပ်ဖွဲ့အနေဖြင့် အထွေထွေရွေး  ကောက်ပွဲကာလနှင့် ရွေးကောက်ပွဲကျင်းပမည့်ရက်တို့တွင် ကြိုတင်ပြင်ဆင်ဆောင်ရွက်ပေးရမည့် လုံခြုံရေးဆိုင်ရာ  ကိစ္စရပ်များ၊ မလိုလားအပ်သောပြဿနာများမဖြစ်ပေါ်စေရေး၊ လွတ်လပ်၍ တရားမျှတစွာ ကျင်းပနိုင်ရေး မြို့နယ်အတွင်း တည်ငြိမ်အေးချမ်းစွာဖြင့် ရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်စေရန် အထူးရဲတပ်ဖွဲ့ဝင်များ ရွေးချယ်ပြီး သင်တန်းပို့ချခြင်း ဖြစ်ကြောင်း မြို့နယ်ရဲတပ်ဖွဲ့မှတာဝန်ရှိသူကပြောကြားခဲ့သည်။

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေးထွေးရွေးကောက်ပွဲတွင် တာဝန်ထမ်းဆောင်မည့် အထူး ရဲတပ်ဖွဲ့ဝင်များကို  အောက်တိုဘာ  (၁)  ရက်နေ့မှ   ( ၂၈) ရက်ထိ   အထက တောင်ဘက်ကမ်း ကျောင်း၌ ပို့ချမည်ဖြစ်ပြီး   အဆိုပါ သင်တန်းကို  မြို့နယ်ရဲတပ်ဖွဲ့မှူးက ကြီးကြပ်ကွပ်ကဲ၍    စာတွေ့ လက်တွေ့သင်ကြားမှာ ဖြစ်ပြီး  အထူးရဲတပ်ဖွဲ့ဝင်များကို  ကိုဗစ်−၁၉ ကြိုတင် ကာကွယ်ရေးနှင့်အညီ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ လမ်းညွှန်ချက်ကို လိုက်နာ၍  အထူးရဲတပ်ဖွဲ့ဝင် (၉၁) ဦးအား   သင်တန်းပို့ချပေးသွားမည်ဖြစ်ကြောင်းသိရှိရသည်။

လှမိုး(သနပ်ပင်)