မွန်ပြည်နယ် ကျိုက်မရောမြို့၌ အထူးရဲ သင်တန်းဖွင့်လှစ်

ကျိုက်မ​ရော   ​အောက်တိုဘာ   ၁

မော်လမြိုင်ခရိုင်၊ကျိုက်မ​​ရော မြို့နယ်အတွင်း ၂၀၂၀ ပြည့်နှစ် ၊နိုဝင်ဘာ ၈ရက်​နေ့တွင် ပါတီစုံဒီမိုက​ရေစီအ​ထွေ​ထွေ​ရွေး​ကောက်ပွဲပြုလုပ်စဉ် မဲရုံများအလိုက် လုံခြုံ​ရေးတာဝန် ထမ်း​ဆောင်ကြမည့်အထူးရဲ များအား​ရွေး​ကောက်ပွဲဆိုင်ရာ ဘာသာရပ်များကိုသင်ကြား ပို့ချ သွားမည့် "အထူးရဲသင်တန်းဖွင့်ပွဲအခမ်းအနား"ကိုယ​နေ့နံနက် ၈နာရီခန့်က အ.ထ.က ကျိုက်မ​ရော (ပညာအား မာန်)ခန်းမ၌ပြုလုပ်သည်။

ရှေးဦးစွာ ပြည်သူ့လွှတ်​တော်ကိုယ်စားလှယ် ဦးစော​ကျော်ဝင်း​မောင်က အဖွင့်အမှာစကား ​ပြောကြားပြီး  ကျိုက်မ​ရောမြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးမင်း​အောင်က သင်တန်းဖွင့်လှစ်ရခြင်း နှင့် ပတ်သက်၍ရှင်းလင်းပြောကြားခဲ့သည်။
အဆိုပါ  အထူးရဲသင်တန်းတွင် သင်တန်းနည်းပြများအဖြစ် ကျိုက်မ​​ရောမြို့နယ်ရဲစခခန်း များရှိအရာရှိ ၆ ဦးနှင့်အခြားအဆင့် ၃ဦး သင်တန်းနည်းပြ ၉ဦးတို့မှ သင်ကြားပို့ချ​ပေးသွား မည်​ ဖြစ်​ကြောင်းသိရသည်။
အထူးရဲ သင်တန်းသို့ ရပ်ကွက်/​ကျေးရွာ ၄၇အုပ်စုမှ သင်တန်းသား(၉၈)ဦး  တက်​ရောက် ကြပြီး သင်တန်းကာလမှာ ​အောက်တိုဘာလ၁ရက်​နေ့မှ ၂၈ ရက်​နေ့အထိ ရက်သတ္တပတ် (၄)ပတ်ကြာ ဖွင့်လှစ်ပို့ချ ​ပေးသွားမည်ဖြစ်ကြောင်း ကျိုက်မ​ရောမြို့နယ် ရဲတပ်ဖွဲ့မှူးရဲမှူး မင်းအောင်ထံမှ သိရသည်။
ချို ချို  (  ပြန်/ ဆက်)