လမိုင်း အောက်တိုဘာ ၁
မွန်ပြည်နယ် ၊ လမိုင်းမြို့ ၌ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ် ထိန်းချုပ်နိုင်ရေး အတွက် အသိပညာပေးခြင်းကို ယနေ့နံနက်ပိုင်းက လမိုင်းမြို့အ၀င် နှစ်ကရင်လမ်းဝ ဂိတ်တွင် အရှိန်အဟုန် မပြက် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီက ပြည်သူလူထုများလိုက်နာသင့်သည့် ကျန်းမာရေးနှင့် အားကစား၀န်ကြီးဌာန၏ လမ်းညွှန် ချက်များကို လိုက်နာဆောင်ရွက်နိုင်ရေးအတွက် အသိပညာပေးခြင်း လုပ်ငန်းများ ဆောင်ရွက်ပြီး၊ ရောဂါကူးစက် ပြန့်ပွားမှုမရှိစေရေး၊ ကြိုတင်ကာကွယ်ရေးအတွက် မြို့အ၀င်နှစ်ကရင်လမ်းဝဂိတ်တွင် မြို့တွင်းသို့ ၀င်ရောက်လာသော ခရီးသွားပြည်သူများ နှင့် လမ်းသွားလမ်းလာပြည်သူများ အား ကိုယ်အပူချိန် တိုင်းတာခြင်း၊ နှာခေါင်းစည်း (Mask)များတပ်ဆင်ခြင်း ရှိ/မရှိ စစ်ဆေးခြင်း၊ ခရီးသွားပြည်သူများ၏ ခရီးသွားလာမှု ရာဇ၀င်များ စနစ်တကျ ကောက်ခံစစ်ဆေးခြင်းစသည့် လုပ်ငန်းများကို ဆောင်ရွက်လျက် ရှိသည်။
ထိုသို ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် အသိပညာပေးခြင်း လုပ်ငန်း များကို ကျန်းမာရေး၀န်ထမ်းများ၊ ဌာနဆိုင်ရာများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မီးသတ် တပ်ဖွဲ့၀င်များ၊ ရပ်ကွက် အုပ်ချုပ်ရေးမှူးများ၊ ပရဟိတအဖွဲ့၀င်များနှင့် ပူးပေါင်း၍ အရှိန်အဟုန်မြှင့်တင်ပြီး ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။
တင်ဇာစိုး (လမိုင်း ပြန်/ဆက်)