အင်းစိန်မြို့နယ်၌ ကိုဗစ်-၁၉ စီးပွားရေးကုစားမှု အစီအစဉ်အရ အသက်(၈၀)နှင့်(၈၅)နှစ်အထက် သက်ကြီးဘိုးဘွားများအား ထောက်ပံ့ငွေများ ပေးအပ်

ရန်ကုန် အောက်တိုဘာ ၁

ရန်ကုန်တိုင်းဒေသကြီး၊မြောက်ပိုင်းခရိုင်၊အင်းစိန်မြို့နယ်၌ လူမှုဝန်ထမ်းဦးစီးဌာနမှ ကိုဗစ်-၁၉ စီးပွားရေးကုစားမှု အစီအစဉ်အရ မိသားစုစားဝတ်နေရေး အဆင်ပြေစေရန် ရည်ရွယ်၍ အသက်(၈၀)နှင့်(၈၅)နှစ်အထက် သက်ကြီးဘိုးဘွားများအား ထောက်ပံ့ငွေများ ပေးအပ်ခြင်းကို ယမန်နေ့ နံနက်(၁၀)နာရီအချိန်က ပေးအပ်ခဲ့သည်။

ပေးအပ်ရာတွင် လူမှုဝန်ထမ်းဦးစီးဌာနမှ အင်းစိန်မြို့နယ်အတွင်းရှိ ရပ်ကွက်များရှိ အသက် (၈၅)နှစ်အထက် သက်ကြီး ဘိုးဘွားများအား စတုတ္ထသုံးလပတ်အတွက် တစ်ဦးလျှင် သုံးသောင်းကျပ်ကို ဘိုးဘွား(၁၄၀၉)ဦးထံသို့လည်းကောင်း၊ အသက်(၈၀)နှင့်(၈၅)အထက် ကိုဗစ်-၁၉ ရောဂါကာလအတွင်း စီးပွားရေးကုစားမှုအစီအစဉ်အရ ဘိုဘွား(၁၇၃၅)ဦးအား တစ်ဦးလျှင် သုံးသောင်းကျပ်ဖြင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ရာအိမ်မှူးများ၊ ဆယ်အိမ်မှူးများ နှင့်တာဝန်ရှိသူများက အိမ်တိုင်ရာရောက် သွားရောက်၍ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

ဇွဲထက်ကို(ပြန်/ဆက်)