ဘီးလင်း အောက်တိုဘာ ၁
လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာ လူမှုဝန်ထမ်းဦးစီး ဌာန မှ ကိုဗစ် -၁၉ စီးပွားရေးကုစားမှုအစီအစဉ်အရ အသက် ၈၀ နှင့် ၈၅ နှစ်အောက် အသက် ကြီးဘိုးဘွားများအတွက် ထောက်ပံ့ငွေများကိုယနေ့နံနက်ပိုင်းက ရပ်ကွက်၊ ကျေးရွာများမှ သက်ဆိုင်ရာတာဝန်ရှိသူများထံသို့ လွဲပြောင်းပေးအပ်ခဲ့ကြောင်း သိရသည်။
ထိုသို့ထောက်ပံ့ပေးရာတွင် ဘီးလင်းမြို့နယ်အတွင်းရှိ သက်ကြီးဘိုးဘွား ၁၁၃၈ ဦးထံ သို့ဘိုးဘွားတစ်ဦးလျှင် ၃ သောင်းကျပ်နှင့်စုစုပေါင်းငွေကျပ် ၃၁၄ သိန်း ၄ သောင်းကို မြို့နယ် အထွေထွေအုပ်ချုပ်ရေးစီးဌာနမှတစ်ဆင့် ရပ်ကွက်ကျေးရွာ အုပ်ချုပ်ရေးမှူးများနှင့် တာဝန်ရှိသူများကအိမ်တိုင်ရာရောက်လိုက်လံထောက်ပံ့ပေးလျှက်ရှိကြောင်းသိရသည်။
ထူးနောင် (ပြန်ဆက်)