ပေါက်ခေါင်းမြို့တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်တားဆီးရေးအတွက် မြို့ဝင်ဂိတ်တွင် အထူး ကြပ်မတ် စစ်ဆေးဆောင်ရွက်

ပေါက်ခေါင်း   အောက်တိုဘာ   ၁

ပဲခူးတိုင်းဒေသကြီး  ပေါက်ခေါင်းမြို့တွင် ကိုဗစ်-၁၉ရောဂါကာကွယ်တားဆီးရေး အတွက် အရှိန်မြှင့် ဆောင်ရွက်လျက်ရှိရာ ဌာနဆိုင်ရာများ စေတနာရှင်ပြည်သူများက ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်ရာ မြို့ဝင် လူဝင်၊လူထွက်စောင့်ကြပ်ကြည့်ရှု စစ်ဆေးမေးမြန်းခြင်းတို့ကို မြို့ဝင်ဂိတ် တွင် နေ့၊ည ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။

ကိုဗစ်-၁၉ ရောဂါကာကွယ်တားဆီးရေးအတွက် မြို့နယ်အတွင်းသို့ အခြားနေရာနှင့်ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားသည့်နေရာဒေသများမှ လာရောက်ကြသူများ၊ ခရီးသွားများနှင့် မော်တော် ယာဉ်များ အားလုံးကို စစ်ဆေးမေးမြန်းခြင်း၊ အဝင်အထွက်ကြည့်ရှု စစ်ဆေးခြင်းတို့ကို မြို့နယ် ထွေ/အုပ်၊ မြို့နယ်ရဲတပ်ဖွဲ့၊ မြို့နယ်မီးသတ်တပ်ဖွဲ့၊ ကျန်းမာရေးနှင့် အခြားဌာနတို့မှ ပူးပေါင်းကာ စောင့်ကြပ်ကြည့်ရှု့ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

သန်းထွန်းအောင်(ပြန်/ဆက်)