ကွန်ပျုတာ သင်တန်းဆင်းပွဲ ကျင်းပ

ဝန်းသို ဖေဖော်ဝါရီ ၂၈

စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းခရိုင်၊ ဝန်းသိုမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ယမန်နေ့ ညနေ ၃ နာရီအချိန်က ဝန်ထမ်းစွမ်းဆောင်ရည်မြှင့်တင်စေရန် ရည်ရွယ်၍ ဖွင့်လှစ်ခဲ့သော ကွန်ပျုတာသင်တန်းဆင်းပွဲ အခမ်းအနားကို ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါအခမ်းအနားတွင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဒုတိယညွှန် ကြားရေးမှူး ဦးကျော်ကျော်က သင်တန်းဆင်းအမှာစကား ပြောကြားသည်။ ထို့နောက် သင်တန်းတွင် ဆုရရှိခဲ့သော သင်တန်းသား၊ သင်တန်းသူများအား  ဆုတံဆိပ်နှင့် ဂုဏ်ပြုမှတ်တမ်းလွှာများကို တာဝန်ရှိသူများက အသီးသီးပေးအပ်ခဲ့ပြီး သင်တန်းသား၊ သင်တန်းသူများကိုယ်စား ကောလင်းမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်ရည်မွန်မြင့်က သင်တန်းမှ ရရှိသည့် အကျိုးရလာဒ်များနှင့် ကျေးဇူးတင်စကားကို ပြောကြားခဲ့သည်။

အဆိုပါသင်တန်းသို့ ကောလင်းခရိုင်အတွင်းရှိ ကောလင်းမြို့နယ်၊ ပင်လည်ဘူးမြို့နယ်နှင့် ဝန်းသိုမြို့ နယ်တို့မှ သင်တန်းသား၊ သင်တန်းသူ ၁၀ ဦးတက်ရောက်ခဲ့ပြီး လုပ်ငန်းခွင်၌ အသုံးဝင်သော Power Point နှင့် Photoshop သင်ခန်းစာများကို သင်တန်းကာလ ၁၀ ရက်ကြာ စာတွေ့လက်တွေ့ သင်ကြားပြီးမြောက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ကျော်မြိုင် (ပြန်/ဆက်)