ကျောက်တံခါး အောက်တိုဘာ ၁
ပဲခူးခရိုင်၊ကျောက်တံခါးမြို့နယ်တွင် ၂၀၂၀ပြည့်နှစ်၊ ရွေးကောက်ပွဲဆိုင်ရာ အထူးရဲသင်တန်းကို ယနေ့နံနက်(၁၀)နာရီက ကွင်းနောက်ရပ်ကွက်ရှိ သနန္တနဓမ္မရိပ်သာဟိန္ဒူဘုရားကျောင်းတွင် ပြုလုပ် သည်။
သင်တန်းဖွင့်ပွဲသို့ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးဇော်မင်း ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးမျိုးမင်းဦးနှင့် ရဲအရာရှိများ သင်တန်းနည်းပြများနှင့် သင်တန်းသားများ တက်ရောက်ခဲ့ကြပြီး မြို့နယ်ရဲတပ်ဖွဲ့မှူးက ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ(၈)ရက်နေ့တွင် ကျင်းပမည့် ပါတီစုံ ဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် လုံခြုံရေးတာဝန်ယူရမည့် အထူးရဲများအား သင်တန်းပို့ချပေးရခြင်းဖြစ်ကြောင်း၊ သင်တန်းသားများမှလည်း သင်တန်းစည်းကမ်းများအား လိုက်နာရန်နှင့် ကိုဗစ် -၁၉ ကာကွယ်ထိန်းချုပ်ကုသရေး အမျိုးသားအဆင့်ဗဟိုကော်မတီမှ ထုတ်ပြန်ထားသော စည်းကမ်းချက်များနှင့်အညီ လိုက်နာနေထိုင်ရေးတို့အား ပြောကြားခဲ့သည်။
သင်တန်းတွင် သင်တန်းနည်းပြဆရာများ၊ သင်တန်းသားများအား စာတွေ့လက်တွေ့သင်ကြား ပို့ချခဲ့ပြီး ကျောက်တံခါးမြို့မရဲစခန်း အပိုင်မှ သင်တန်းသား(၉၃) ဦး၊ပဲနွယ်ကုန်း နယ်မြေရဲစခန်း အပိုင်မှ သင်တန်းသား(၄၇) ဦး၊ တောကျွဲအင်းနယ်မြေရဲစခန်းအပိုင်မှသင်တန်းသား (၂၅)ဦး၊ ဖဒို နယ်မြေ ရဲစခန်း အပိုင်မှ သင်တန်းသား(၄၆)ဦး၊စုစုပေါင်းသင်တန်းသားအထူးရဲ (၂၀၁)ဦး တို့အား မြို့နယ်အတွင်းရှိမဲရုံပေါင်း (၂၁၁)ရုံတွင် အထူးရဲများအဖြစ်လုံခြုံရေးတာဝန်များကို နယ်မြေပိုင် ရဲစခန်းအလိုက် တာဝန်ထမ်းဆောင်ကြရ မည်ဖြစ်သည်။ အဆိုပါသင်တန်းကို အောက်တိုဘာ ၁ ရက်နေ့မှ ၂၈ ရက်နေ့အထိ ဖွင့်လှစ်ပို့ချသွားမည်ဖြစ်ကြောင်း သိရှိရသည်။
စန်းစန်း(ပြန်/ဆက်)