လဟယ် အောက်တိုဘာ ၂
စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသလဟယ်မြို့နယ်အတွင်းရှိ တောင်တန်း သာသနာပြု ဘုန်းတော်ကြီးကျောင်း (၄) ကျောင်းအတွက် နယ်စပ်ရေးရာ ၀န်ကြီးဌာန၊ နယ်စပ်ဒေသ တိုင်းရင်းသား လူမျိုးများဖွံ့ ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် ထောက်ပံ့ရန်ပုံငွေဖြင့် ဘုန်တော်ကြီးကျောင်း တည်ဆောက်ရန်တစ်ကျောင်းလျှင် ထောက်ပံ့ငွေကျပ်သိန်း (၁၀၀) နှုန်း (၄) ကျောင်းအတွက် ထောက်ပံ့ငွေကျပ် စုစုပေါင်းသိန်း (၄၀၀) တိတိကို ယမန်နေ့က လဟယ်မြို့တောင်တန်း သာသနာပြု ဗဟိုကျောင်းတော်၌ ထောက်ပံ့ပေးခဲ့ကြောင်း သိရပါသည်။
အဆိုပါ ထောက်ပံ့ငွေသည် နာဂဒေသလဟယ်မြို့နယ်အတွင်းရှိ တောင်တန်းသာသနာပြု ကျောင်းများဖြစ် သော လွန်းထောင်းကျေးရွာ၊ ယွန်တိုင်းကျေးရွာ၊ မွန်တုံးညိုကျေးရွာနှင့် ဆော်လော်နောက်ကုန်း ကျေးရွာတို့ တွင် တောင်တန်းသာသနာပြု ဘုန်းတော်ကြီးကျောင်း ဆောက်လုပ်နိုင်ရန် တစ်ကျေင်းလျှင် ထောက်ပံ့ငွေ ကျပ် သိန်း(၁၀၀)နှုန်းဖြင့် ထောက်ပံ့ခဲ့ခြင်း ဖြစ်ပြီး အဆိုပါ ထောက်ပံ့လှူဒါန်းငွေကို ခေတ္တနာဂဒေသဖွံ့ ဖြိုးမှုကြီးကြပ်ရေးမှူးရုံး(လဟယ်)မှ ဒုတိယညွန်ကြားရေးမှူးဦးရဲမင်းနှင့် လဟယ်မြို့နယ်သာသနာရေး ဦးစီးမှူး ဦးလှ၀င်းတို့က လဟယ်မြို့နယ် တောင်တန်းသာသနာပြု ဗဟိုဆရာတော် ဘဒ္ဒန္တသုမနထံ ဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။
ရှားဆက်(ပြန်/ဆက်)