သံတောင်ကြီး အောက်တိုဘာ ၁
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ သံတောင်ကြီးမြို့နယ်တွင်၂၀၂၀ပြည့်နှစ်၊ နိုဝင်ဘာ(၈) ရက်နေ့တွင် ကျင်းပ ပြုလုပ်မည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ဒုတိယအကြိမ်မဲဆန္ဒရှင်အမည်စာရင်းများကို ယနေ့နံနက်ပိုင်းက သံတောင်ကြီး မြို့နယ်အတွင်းရှိ ရပ်ကွက် / ကျေးရွာ ရွေးကောက် ပွဲကော်မရှင်အဖွဲ့ခွဲရုံးများတွင် ကပ်ထားကြေညာထားကြောင်း သိရသည်။
သံတောင်ကြီးမြို့နယ်တွင် မဲဆန္ဒရှင်အမည်စာရင်းများကို အောက်တိုဘာ(၁)ရက်နေ့မှ (၁၄)ရက်နေ့ အထိ သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာ ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံးများတွင်ကပ် ထားကြေညာသွားမည်ဖြစ်ပြီး ဆန္ဒမဲတွင် မိမိအမည်မပါဝင်ပါက ပုံစံ-၃ ဖြင့် အမည်ထည့်သွင်းရန် တောင်းဆိုခြင်း၊ အခြားဒေသမှ လာရောက် နေထိုင်သူဖြစ်ပါက ပုံစံ-၃(က)ဖြင့် လျှောက်ထားခြင်း၊ မဲစာရင်းတွင်မပါဝင်သင့်သူများပါဝင်လာပါက ပုံစံ-၄ ဖြင့် ကန့်ကွက်ခြင်း၊ မဲစာရင်းပါ အချက်အလက် များမှားယွင်း နေပါက ပုံစံ-၄(ဂ) ဖြင့် ပြင်ဆင်လွှာတင်သွင်းခြင်း စသည်တို့ကို သက်ဆိုင်ရာတာဝန်ရှိသူများက ပြန်လည်စီစစ်ဆောင်ရွက်သွားမည်ဖြစ်ပြီး အသက် (၁၈)နှစ် ပြည့်သူ တိုင်း မဲပေးခွင့် မဆုံးရှုံးစေရန်အတွက် မဲစာရင်းများလာရောက်ကြည့်ရှုရန် နှိုးဆော်ထား ကြောင်းသိရသည်။
အဆိုပါသံတောင်ကြီးမြို့နယ်တွင် ရပ်ကွက်/ကျေးရွာအုပ်စု(၇၀)အုပ်စုရှိ မဲရုံပေါင်း (၉၅) ရုံရှိပြီး ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ (၆၁၀၆၅)ဦးရှိကြောင်း မြို့နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲ အတွင်းရေး မှူး ဦးစောတီမသေထံမှသိရှိရသည်။
မြို့နယ် (ပြန်/ဆက်)