အထက်မင်းလှ အောက်တိုဘာ ၂
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ အသက် ၂ လမှ ၁ နှစ်ခွဲအထိ ကလေးငယ်များနှင့်ကိုယ်ဝန်ဆောင် မိခင်များအား ကျန်းမာရေးစောင့်ရှောက်မှု အနေဖြင့် လစဉ်ပုံမှန်ကာကွယ် ဆေးထိုး နှံတိုက်ကျွေးခြင်း လုပ်ငန်းများကို ယမန်နေ့နံနက်(၉)နာရီက တောင်ရပ်ကွက်၊ မိခင်နှင့်ကလေး စောင့်ရှောက်ရေး အသင်းရုံးတွင် ဆောင်ရွက်ခဲ့သည်။
ထိုသို့ကာကွယ် ဆေးထိုးနှံပေးရာတွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ အမျိုးသမီးကျန်းမာရေး ဆရာမ ဒေါ်ဇင်မာဝင်းနှင့် သားဖွားဆရာမများက အသက် ၂ လမှ ၁ နှစ်ခွဲအထိကလေးငယ်များအား အသက်အရွယ်အလိုက် ဘီစီဂျီဆုံဆို့၊ ကြက်ညှာ၊ မေးခိုင်၊ အသည်း ရောင်အသားဝါဘီ၊ ဦးနှောက်အမှေးရောင်၊ (ငါးမျိုးစပ်ကာကွယ်ဆေး) ဝက်သက် ဂျိုက်သိုး ရောဂါကာကွယ်ဆေးများ ထိုးနှံတိုက်ကျွေးခဲ့ပြီး၊ ကိုယ်ဝန်ဆောင် မိခင်များကိုလည်း ကာကွယ် ဆေးထိုးနှံပေးခဲ့သည်။
အဆိုပါ ကာကွယ်ဆေးထိုးနှံတိုက်ကျွေးခြင်း ဆောင်ရွက်ရာတွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ၏လမ်းညွှန်ချက်များ နှင့်အညီ ကလေးငယ်များနှင့်မိခင်များအား ကိုဗစ်-၁၉ ရောဂါကြိုတင် ကာကွယ်ရန်၊ လူစုလူဝေးမဖြစ်စေရန်အတွက် ရပ်ကွက်အလိုက် အလှည့်ကျ ကာကွယ်ဆေးထိုးနှံ တိုက်ကျွေးခြင်းလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရှိရသည်။
ဇာဇာ(အထက်မင်းလှ)