ရန်ကုန် အောက်တိုဘာ ၂
ရန်ကုန်တိုင်ဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ အင်းစိန်မြို့နယ်တွင် ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမို ကရေစီ အထွေထွေရွေးကောက်ပွဲအောင်မြင်စွာ ကျင်းပနိုင်ရေးနှင့် နိုင်ငံသူ၊ နိုင်ငံသားတိုင်း မဲပေးခွင့်မဆုံးရှုံးစေ ရေးအတွက် အောက်တိုဘာလ(၁)ရက်နေ့မှ (၁၄)ရက်နေ့အထိ (၁၄)ရက်ကြာ ကြေညာထားမည်ဖြစ်ပြီး အင်းစိန်မြို့နယ်အတွင်းရှိ ရပ်ကွက်ပေါင်း(၂၁) ရပ်ကွက်ရှိ ရပ်ကွက်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံးများတွင် မဲဆန္ဒရှင် အမည်စာရင်း များကို ထုတ်ပြန်ကြေညာထားလျက်ရှိရာ ဒေသခံပြည်သူများ မဲစာရင်းများ ကို လာရောက်ကြည့်ရှုနိုင်မည်ဖြစ်သည်။
အင်းစိန်မြို့နယ်အတွင်း ရပ်ကွက်ပေါင်း(၂၁)ရပ်ကွက်၌ ပြုစုထားသော မဲစာရင်းအရ မဲဆန္ဒရှင် အမျိုးသားနှင့် အမျိုးသမီးဦးရေ စုစုပေါင်း(၂)သိန်းကျော်ရှိပြီး မဲပေးနိုင်ရေး အတွက် မဲရုံပေါင်း(၁၈၈)ရုံ ဖြင့် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြို့နယ်ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲရုံးမှ သိရသည်။
၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ(၈)ရက်နေ့တွင် ကျင်းပမည့် အထွေထွေရွေးကောက်ပွဲအတွက် အခြေခံ မဲဆန္ဒရှင်အမည်စာရင်းများကို ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ အင်းစိန်မြို့နယ်တွင် မဲဆန္ဒရှင် စာရင်း ဒုတိယအကြိမ် ကပ်ထားကြေညာထားပြီဖြစ်ပြီး မဲဆန္ဒရှင်အမည်စာရင်းများတွင် မိမိအမည် မပါရှိခြင်း၊ အချက်အလက်များ ကွဲလွဲမှု ရှိခြင်း၊ ပြင်ဆင်ကန့်ကွက်လိုခြင်းတို့အတွက် ပုံစံ(၃)၊ (၄)နှင့် (၄-ဂ) စသည့် သတ်မှတ်ပုံစံများ ပြည်စုံစွာ ဖြည့်စွက်၍ တင်ပြနိုင်မည်ဖြစ်သည်။
အင်းစိန်မြို့နယ်တွင် ရပ်ကွက်ပေါင်း(၂၁)ရပ်ကွက်၌ မဲရုံပေါင်း(၁၈၈)ရုံ ဆောင်ရွက်လျာထား ထားရှိပြီး မဲဆန္ဒရှင်အမည်စာရင်း (၂)သိန်းကျော်ကို ရပ်ကွက်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲ ရုံးများတွင် အောက်တိုဘာလ(၁)ရက်နေ့မှ (၁၄)ရက်နေ့အထိ နံနက်(၇)နာရီအချိန်မှ ည(၉)နာရီအချိန်အထိ (၁၄)ရက်ကြာ ကြေညာမည်ဖြစ်ပြီး ပြည်သူများ မဲစာရင်းများကို လာရောက်ကြည့်ရှုရာတွင်လည်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးအတွက် နှာခေါင်းစည်း များ တပ်ဆင်ခြင်း၊ လက်ဆေးဘေစင်များထား ရှိပေးခြင်း၊ လက်သန့်ဆေးရည်များ ထားရှိ ပေးခြင်းစသည်ဖြင့် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် လမ်းညွှန် ချက်များနှင့်အညီ ဆောင်ရွက်ထားကြောင်း သိရသည်။
ဇွဲထက်ကို(ပြန်/ဆက်)