မွန်ပြည်နယ် သံဖြူဇရပ်မြို့နယ်၌ မဲဆန္ဒရှင်စာရင်းများကို ရပ်ကွက်/ကျေးရွာအုပ်စု ရွေးကောက် ပွဲ ကော်မရှင်အဖွဲ့ခွဲရုံးတွင် ကပ်ထားကြေညာ

 သံဖြူဇရပ် အောက်တိုဘာ   ၂

၂၀၂၀ပြည့်နှစ် နိုဝင်ဘာလ(၈)ရက်နေ့တွင်ကျင်းပမည့်ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက်   နောက်ဆုံးအကြိမ်မဲစာရင်းကို   သံဖြူဇရပ်မြို့နယ် အတွင်းရှိ  ရပ်ကွက်/ကျေးရွာအုပ်စု  ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးများတွင် အောက်တိုဘာ (၁) ရက်နေ့မှစတင်၍     အောက်တိုဘာ   (၁၄)  ရက်နေ့အထိ  (၁၄)ရက်ကြာကပ်ထားကြေညာ သွား မည်ဖြစ်ကြောင်းသိရသည်။

အဆိုပါ  မဲဆန္ဒရှင်စာရင်းများကို  ကပ်ထားကြေညာရာတွင်  မဲဆန္ဒရှင်ပြည်သူများမှ ကိုဗစ် - ၁၉ အစီအမံနှင့်အညီ လာရောက်ကြည့်ရှုနိုင်ရေးပိုစတာများ နှင့်လက်ကမ်းစာစောင်များဖြင့်   အသိပညာ ပေးပြီး မဲစာရင်းများကိုလာရောက်ကြည့်ရှုရာတွင် မိမိတို့၏အမည်များ မဲစာရင်းတွင် ပါဝင်ခြင်း ရှိ/မရှိ ၊ အချက်အလက်များမှားယွင်းနေပါက မဲဆန္ဒရှင်စာရင်း ကပ်ထား ကြေညာထားသည့်  ကာလအတွင်း ပြန်လည် ဖြည့်စွက်/ပယ်ဖျက်/ပြင်ဆင် ပေးရန်သက်ဆိုင်ရာ ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲ ရုံး တွင် သတ်မှတ်ပုံစံများဖြင့် လျှောက်ထားရမည်ဖြစ်ကြောင်း သိရသည်။

သံဖြူဇရပ်မြို့နယ်တွင်    နောက်ဆုံးအကြိမ်ကပ်ထားကြေညာသည့်  မဲဆန္ဒရှင်စာရင်းအရ မဲပေး ပိုင်ခွင့်ရှိသူ (၁၄၈၁၅၀ ) ဦးရှိပြီး လျာထားမဲရုံ   (၇၄) ရုံရှိကြောင်း မြို့နယ်ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲ ရုံးမှသိရသည်။

အေးအေးသီ(ပြန်/ဆက်)