တိုက်ကြီးမြို့နယ်တွင် မှုခင်းကျဆင်းရေး အသိပညာပေးလုပ်ငန်းများဆောင်ရွက်

တိုက်ကြီး  ဖေဖော်ဝါရီ ၂၈

ရန်ကုန်တိုင်းဒေသကြီး မြောက်ပိုင်းခရိုင် တိုက်ကြီးမြို့နယ် ဈေးရပ်ကွက် မြို့မဈေးရှေ့တွင် ယမန်နေ့ နံနက် (၉)နာရီမှ (၁၁) နာရီခွဲအချိန်ထိ မှုခင်းပညာပေးယာဉ်ဖြင့် အသိပညာပေး လုပ်ငန်းများဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါ မှုခင်းပညာပေးယာဉ်ဖြင့် အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် တိုက်ကြီး မြို့မရဲစခန်းမှ စခန်းမှူး ဒုရဲမှူးမြင့်ဇော် ဦးဆောင်သော တပ်ဖွဲ့ဝင်များ၊ အမှတ်(၄၀) မူးယစ် တပ်ဖွဲ့စုမှ ဒုတပ်ကြပ် ကိုကိုချစ်နှင့် တပ်ဖွဲ့ဝင်များ၊ လူကုန်ကူးမှ တပ်ကြပ်ကြီး ဇော်မင်းဦးနှင့် တပ်ဖွဲ့ဝင်များ၊ ဈေးရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးမြင့်ထွန်း၊ အမှတ် (၆၂) ယာဉ်ထိန်းတပ်ဖွဲ့စု (တိုက်ကြီး)မှ တပ်ဖွဲ့စုမှူး ရဲအုပ် အောင်လင်းနှင့် အဖွဲ့တို့ပူးပေါင်း၍ မြို့နယ်အတွင်းရှိ ပြည်သူ (၄၅၀)ဦးတို့အား မှုခင်းဆိုင်ရာ အသိပညာပေးဆောင်ရွက်ခြင်းနှင့် လက်ကမ်းစာစောင်များအား ဖြန့်ဝေပေးခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

စန်းကလျာခိုင်(ပြန်/ဆက်)