ပန်ဆောင် အောက်တိုဘာ ၂
နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ပန်ဆောင်မြို့နယ်ခွဲအတွင်းရှိနောင်ယန်းအုပ်စု၊လောက်လိုင်ကျေးရွာတွင်တစ် ပိုင်တစ်နိုင်စိုက် ပျိုးကြသည့် သဘာဝထွက် ဂရိဖုသီးများ အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်းသိရသည်။
အဆိုပါဂရိဖုသီးများကို ပန်ဆောင်၊ နန်းယွန်းနှင့် အခြားမြို့ရွာများမှလည်း ဝယ်ယူကြပြီး ရာသီပေါ်ချိန်တွင် တစ်လုံး(၂၅၀)ကျပ်မှ(၃၀၀)ကျပ်ရှိပြီးဈေးကွက်တွင်တစ်လုံး(၅၀၀)ကျပ်အထိရောင်းချကာမိသားစုဝင်ငွေရရှိ ကြောင်းတစ်ပိုင်တစ်နိုင်ဂရိဖုစိုက်ပျိုးသူ ဒေသခံဦးမွေဘာထံမှသိရသည်။
ဂျာယော်(ပြန်/ဆက်)