သရက်ခရိုင်၊ မင်းလှမြို့၌ မဲဆန္ဒရှင်စာရင်းများ ဒုတိယအကြိမ် ထုတ်ပြန် ကြေညာ

အထက်မင်းလှ အောက်တိုဘာ ၂

မကွေးတိုင်း‌ဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့၌ ၂၀၂၀ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် မဲဆန္ဒရှင်စာရင်းများအား ဒုတိယ အကြိမ်ထုတ်ပြန်‌ ကြေညာခြင်းကို ယမန်နေ့နံနက်ပိုင်းကစတင်၍ သက်ဆိုင်ရာရပ်ကွက်၊ ကျေးရွာ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးများတွင် ထုတ်ပြန် ကြေညာထားကြောင်း သိရသည်။

အဆိုပါ  မဲဆန္ဒရှင်စာရင်းများကို အောက်တိုဘာလ(၁)ရက်နေ့မှ (၁၄)ရက်နေ့အထိ နောက်ဆုံးအကြိမ်အဖြစ် သက်ဆိုင်ရာ ရပ်ကွက်၊ ကျေးရွာ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးများတွင် ကြေညာ ကပ်ထား မည်ဖြစ်ပြီး မဲစာ ရင်းပါ အချက်အလက်များ မှားယွင်းနေပါက ပုံစံ-၄(ဂ)ဖြင့် ပြင်ဆင်လွှာတင်သွင်းခြင်း၊ ဆန္ဒမဲ စာရင်းတွင် မိမိ အမည် မပါရှိပါက ပုံစံ(၃)ဖြင့် အမည်ထည့်သွင်းရန် တောင်းဆိုခြင်း၊ အခြားဒေသမှ လာရောက်နေထိုင်သူများ အနေဖြင့် ပုံစံ-၃(က)ဖြင့် လျှောက် ထားခြင်း၊ မဲစာရင်းတွင် ပါဝင်ရန်မသင့်သူများ ပါဝင်နေပါက ပုံစံ(၄)ဖြင့် ကန့်ကွက် ခြင်းများကို လျှောက်ထားလာသူများ ရှိပါက သက်ဆိုင်ရာ တာဝန်ရှိသူများမှ ပြန်လည်စိစစ်၍ ဆောင်ရွက်မည်ဖြစ်သည်။

မင်းလှမြို့နယ်၌ ရပ်ကွက်/ကျေးရွာအုပ်စု(၆၉)အုပ်စုတွင် မဲရုံပေါင်း(၁၂၀)ရှိပြီး၊ အသက်(၁၈)ပြည့်ပြီးဆန္ဒမဲ ပေးခွင့် ရှိသူပေါင်း ၁၀၀၆၄၁  ဦးရှိကြောင်းမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးမှ သိရသည်။

ဇာဇာ(အထက်မင်းလှ)