မကွေးတိုင်းဒေသကြီး၊ ချောက်မြို့နယ်တွင် အထူးရဲ( Special Police) သင်တန်းဖွင့်လှစ်

ချောက် အောက်တိုဘာ ၂

မကွေးတိုင်းဒေသကြီး၊ ချောက်မြို့၌ အထူးရဲ( Special Police) သင်တန်းဖွင့်ပွဲကို ယမန်နေ့ နံနက် (၉)နာရီခန့်က ချောက်ရေနံလုပ်သားများအပန်းဖြေ ရိပ်သာ(၂) ခန်းမတွင် ကျင်းပခဲ့သည်။

အဆိုပါဖွင့်ပွဲတွင် မြို့နယ်ရဲတပ်ဖွဲ့မှူးရဲမှူးစိုးစိုးက သင်တန်းဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်များကို ရှင်းလင်းခြင်း ၊ မြို့မရဲစခန်းဒုရဲမှူးအောင်မြင့်ဦးက သင်တန်းသားများအားသင်တန်းစည်းမျဉ်း၊ စည်းကမ်းများ ကိုရှင်းလင်း ပြောကြားသည်။                         

သင်တန်းကို ချောက်မြို့တွင် ရေနံလုပ်သားများအပန်းဖြေရိပ်သာ(၂)တွင် သင်တန်းသား(၅၀)ဦး၊ မကက(၈၀)ကျောင်း၌(၅၀)ဦး၊စလေမြို့ အထကကျောင်းတွင် (၄၂)ဦး နှင့် စလေဦးပုညခန်းမတွင်(၄၃)ဦး၊ ဂွေးချိုကျေးရွာ အထကကျောင်းတွင်(၃၀)ဦး၊ ဂွေးပင်ကျေးရွာ စိုက်ပျိုးရေးဂိုထောင်တွင်(၄၃)ဦး ၊ စုစုပေါင်း သင်တန်းသား ( ၂၅၈ )ဦးတက်ရောက် ကြပြီး၊ သင်တန်းကာလမှာ အောက်တိုဘာ (၁) ရက်နေ့မှ (၂၈)ရက်နေ့ အထိ (၆)နေရာခွဲ၍ တစ်ပြိုင် တည်း ဖွင့်လှစ်သင်ကြား ပေးသွားမည်ဖြစ်သည် ၊ သင်တန်းဘာသာရပ်များမှာ စစ်ရေးပြသင်တန်း၊ ရဲလက်စွဲဥပဒေ၊ လူ့အခွင့်အရေးအကြောင်းအရာ၊ ရွေးကောက်ပွဲဆိုင်ရာ ဥပဒေ၊ လုံခြုံရေးဆိုင်ရာ အချက်အလက်များကို သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ကျော်မိုး(ပြန်/ဆက်)