ကျိုက်ဒုံ အောက်တိုဘာ ၂
ကရင်ပြည်နယ် ကော့ကရိတ်ခရိုင် ကျိုက်ဒုံမြို့တွင် ယမန်နေ့က လူမှုဝန်ထမ်းဦးစီးဌာနမှ ကိုဗစ်-၁၉ စီးပွားရေးကုစားမှုအစီအစဉ်အရ အသက်(၈၀)နှင့်(၈၅)နှစ်အတွင်းသက်ကြီးဘိုးဘွားများ အတွက် ထောက်ပံ့ငွေများ ပေးအပ်ခဲ့ကြောင်း သိရသည်။
ထိုသို့ ဆောင်ရွက်ပေးခြင်းသည် ကိုဗစ်-၁၉ ကာလအတွင်းစီးပွားကုစားမှုအစီအစဉ်အရ သက်ကြီး ဘိုးဘွားများ စားဝတ်နေရေး အဆင်ပြေစေရန်အတွက် ရည်ရွယ်၍ ဆောင်ရွက် ပေးခဲ့ခြင်းဖြစ်သည်။
အဆိုပါ ထောက်ပံ့ငွေများကိုကျိုက်ဒုံမြို့အုပ်ချုပ်ရေးမှူး ဦးမင်းဇော်၊ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများကကျိုက်ဒုံမြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာများရှိ အသက်( ၈၀)နှင့်(၈၅) အကြား သက်ကြီး ဘိုးဘွား စုစုပေါင်း(၂၆)ဦး၊တစ်ဦးလျှင် သုံးသောင်းကျပ်တိတိအိမ်တိုင်ရာရောက် ထောက်ပံ့ပေး အပ်ခဲ့ ကြောင်း သိရသည်။
သန်းထွန်းနိုင်(ကျိုက်ဒုံ)ပြန်/ဆက်