ရှမ်းရွာသစ် အောက်တိုဘာ ၂
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးလုပ်ငန်း စဉ်များတွင် အထောက်အကူဖြစ်စေရန်အတွက် အပူချိန်တိုင်းကိရိယာများ လွှဲပြောင်းပေး အပ်ခြင်းကို ယမန် နေ့မွန်းလွဲပိုင်းက ရှမ်းရွာသစ်မြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ပြုလုပ်ခဲ့ကြောင်းသိရှိရသည်။
အဆိုပါလုပ်ငန်းတွင် မြို့အုပ်ချုပ်ရေးမှူးဦးနိုင်ဝင်းအောင်က နိုင်ငံတော်မှ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးနှင့်စပ်လျဉ်း၍ ဆောင်ရွက်နိုင်ရန်အတွက် ပေးအပ်ရခြင်းဖြစ်ကြောင်း စသည်ဖြင့် ရှင်းလင်းပြောကြား ခဲ့ပြီးနောက် ရှမ်းရွာသစ်မြို့ပေါ်(၄)ရပ်ကွက်နှင့် ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးလက်ဝယ်သို့ ကိုဗစ်-၁၉ ရောဂါ အပူချိန်တိုင်း ကိရိယာများကို လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရှိရသည်။
ဇင်လေး(ပြန်/ဆက်)