လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်၌ အာမခံအလုပ်သမားအား  မသန်စွမ်းမှု အကျိုးခံစားခွင့်နှင့် ကရုဏကြေး ထောက်ပံ့ပေးအပ်

လှိုင်သာယာ(အရှေ့ပိုင်း) အောက်တိုဘာ   

ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်မြောက်ပိုင်းခရိုင်၊ လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ် လူမှုဖူလုံရေး ရုံးခွဲတွင် အကျုံးဝင်မှတ်ပုံတင်ထားသည့် Cosco Myanmar Shipping မှ အာမခံအလုပ်သမား မောင်လှတိုးအောင်  အမြဲတန်း မသန့်စွမ်းမှုနှင့် ဆိုင်သည့် ငွေလုံးငွေရင်းအကျိုးခံစားခွင့်ငွေ နှင့် အလုပ်ရှင်မှ ဂရုဏာကြေး ထောက်ပံ့ငွေများကို လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်၊ အထွေထွေအုပ်ချုပ် ရေး ဉီးစီးဌာနရုံး၌ ယမန်နေ့နံနက်(၁၀)နာရီ အချိန်က လူမှုဝန်ထမ်းကယ်ဆယ်ရေးဌာနမှ တာဝန်ရှိသူ များ၊ လူမှုဖူလုံရေးရုံးမှ တာဝန်ရှိသူများနှင့် လှိုင်သာယာမြို့နယ်အမှတ်()တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဦးဝင်းမောင်မှ ထောက်ပံ့ပေးအပ်ခဲ့သည်။

အဆိုပါ ထောက်ပံ့ငွေပေးအပ်ရာတွင် လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ် လူမှုဖူလုံရေးရုံးခွဲတွင် အကျုံးဝင်မှတ်ပုံတင်ထားသည့် Cosco Myanmar Shipping မှ အာမခံအလုပ်သမား မောင်လှတိုး အောင်၏ အမြဲတန်းမသန့်စွမ်းမှုနှင့်ဆိုင်သည့် ငွေလုံးငွေရင်း အကျိုးခံစားခွင့်ငွေ ကျပ်(၇၀၅၆၀၀၀) သိန်း၊ (ခုနှစ်ဆယ့်သိန်းငါးသောင်းခြောက်ထောင်)ကျပ်နှင့် အလုပ်ရှင်မှ ဂရုဏာကြေး ငွေကျပ်(၁၀)သိန်း တို့ကို ပေးအပ်ကြောင်းနှင့် လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်၌ အာမခံ အလုပ်သမားအား  မသန်စွမ်းမှု အကျိုး ခံစားခွင့် နှင့် ကရုဏကြေး ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရှိရသည်။

 

ထွန်းထွန်းနိုင်(ပြန်/ဆက်)